အောက်တိုဘာ 27, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

အယုဒ္ဓယတွင် မြန်မာအလုပ်သမား ၁၈ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရ

အောက်တိုဘာ ၂၁၊ Migrant Times။

ထိုင်းနိုင်ငံ ၊ အယုဒ္ဓယမြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံတစ်ခုတွင် ​အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၁၈ ဦးအား မေလ ၂ဝ ရက်နေ့၌ စက်ရုံဘက်မှ အကြောင်းမဲ့ အလုပ်ထုတ်ခဲ့သည့်အတွက် အကူအညီပေးနေကြောင်း MHAC မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။

မြန်မာအလုပ်သမားများ၏အကူအညီတောင်းမှုအရ မေလ ၂၆ ရက်နေ့မှစကာ နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၌ ကူညီမှုများပေးခဲ့ကြောင်း သိရသည်။

” ဒီလထဲမှာ ရက်ချိန်းတစ်ခုစီစဉ်ထားတယ်။ ဒီရက်ချိန်းကျရင်တော့ ဒီအလုပ်မားတွေအတွက် တစ်ဦးစီ ရမယ့် နစ်နာကြေး တိတိကျကျသိရမယ်။ပြီးတော့ ဒီအမှုနဲ့ ပတ်သက်ပြီး အမှုပြီးဆုံးတဲ့အထိ ကျွန်တော်တို့ဘက်က ကူညီဆောင်ရွက်ပေးသွားမှာပါ” ဟု MHAC အဖွဲ့ ၊အမှုနှင့် ပြန်ကြားရေးတာဝန်ခံ ဇင် က Migrant Times ကိုပြောသည်။

မြန်မာအလုပ်သမားများအား ယနေ့(အောက်တိုဘာ ၂၁)တွင်လည်း နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၌ ရုံးချိန်း (၃) ကြိမ်မြောက်ဖြစ် NUG အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် ပူပေါင်းပြီး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း MHAC အဖွဲ့ကထုတ်ပြန်သည်။

Photo – MHAC