နိုဝင်ဘာ 11, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

မဟာချိုင်ရှိ ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ ခေတ္တပိတ်မည်

နိုဝင်ဘာ ၁၁ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ (Temporary Data Collection Center – TDCC) ကို နိုဝင်ဘာလ ၁၅ ရက်ကစပြီး ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ အခြေစိုက် အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။

ထိုင်းနိုင်ငံရှိ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနက် နိုင်ငံသားအထောက်အထား ပြည့်စုံမှန်ကန်သူများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးနိုင်ရေးအတွက် ကိုယ်ရေးအချက်အလက် ကောက်ယူခြင်းကိုဆောင်ရွက်နေခြင်းဖြစ်သည်။

ကိုယ်ရေးနောက်ကြောင်းစိစစ်ပြီး၍ နိုင်ငံကူး လက်မှတ်ထုတ်ယူရန် ကျန်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိတို့၏နိုင်ငံကူး လက်မှတ်များကို နိုဝင်ဘာလ ၁၅ ရက်နေ့ မတိုင်မီ လာရောက်ထုတ်ယူနိုင်ရန် အသိပေးထားသည်။

ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ ပြန်လည်ဖွင့်လှစ်မည့်နေ့ရက်အား ပြန်လည် အသိပေးကြေညာသွားမည် ဖြစ်ကြောင်းထုတ်ပြန်သည်။

ထိုင်းတွင် CI စာအုပ်သက်တမ်းတိုးရန်အတွက် စမွတ်စခွန်၊ စမွတ်ပရာကန်၊ စူရတ်ဌာနီ၊ ချင်းမိုင်နှင့် ကရာဘီခရိုင်များတွင် ယခုနှစ် ဩဂုတ်လ ၆ ရက်မှစတင်ကာ Mobile Unit စင်တာများကိုဖွင့်လှစ်ထားသည်။ ၎င်းစင်တာများအား မြန်မာဘက်မှ ဒီဇင်ဘာလ ၂၁ ရက်ထိ တို့းမြှင့်ပေးမည်ဟု ထိုင်းအလုပ်သမားရေးရာဌာနက စာထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ထိုင်းရှိ CI စင်တာတခု(ပုံဟောင်း)။