အိမ်တွင်းအလုပ်သမား စည်းမျဉ်း ၂၀၂၅ မေလ ထုတ်ပြန်ချက်
အိမ်အကူအလုပ်သမားတာဝန် အသစ်ပြဌာန်းလိုက်သည့် ဥပဒေ ပုဒ်မ ၁၆ အရ အိမ်အကူအလုပ်သမားများ၏ တာဝန်နှင့် ဝတ္တရားများအား ပြဌာန်းလိုက်သည်၊ ဥပဒေအရ အိမ်အကူအလုပ်သမားအနေဖြင့် လက်ရှိအလုပ်ရှင်နှင့် အလုပ်ကိုင်နေစဉ်အတွင်း နောက်ထပ်အလုပ်တခုကိုလုပ်ကိုင်ခြင်း သို့မဟုတ် လက်ရှိအလုပ်ရှင်၏ပိုင်ဆိုင်မှုပစ္စည်းများကို ကိုယ်ကျိုးအတွက် အသုံးချခြင်းမပြုရ။ ဥပဒေ အပိုဒ်သစ်သည် ယခင်ဥပဒေဟောင်းနှင့် ဆင်တူသော်လည်း အရေးပါသည့်ပြုပြင်ချက် နှစ်ချက်ရှိပါသည်။ ၁။ အသစ်ပြုပြင်ထားသော ဥပဒေတွင် ယခင်ဥပဒေအရ “အိမ်အကူအလုပ်သမားများအနေဖြင့်သဘောတူညီထားသည့် အလုပ်ကို လုပ်ရန် ငြင်းဆန်ခြင်း သို့မဟုတ် ကျိုးကြောင်းဆီလျော်သည့် အကြောင်းပြချက်မရှိပဲ အလုပ်နေရာမှ ထွက်ခွာခြင်း မပြုရ” ဆိုသော စာပိုဒ်ကို ရုပ်သိမ်းလိုက်သည်။ ၂။ အသစ်ပြုပြင်ထားသော ဥပဒေအရ ယခင်ဥပဒေထဲတွင် ထပ်မံဖြည့်စွက်သတ်မှတ် လိုက်သည့် အချက်၌ အလုပ်ရှင်၏ ညွှန်ကြားချက်ကို လိုက်နာရမည်မှန်သော်လည်း ” စာချုပ်ပါ အချက်များနဲ့ဆန့်ကျင်ပြီး