တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၁၅၀ ဦးစေလွှတ်
ဒီဇင်ဘာ ၂၇ ရက်၊ Migrant Times
- တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၅၀ ဦး ဒီကနေ့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ ကုန်ထုတ်လုပ်သားသစ် ၄၇ ဦး၊ CBT ကုန်ထုတ်လုပ်သား ၆ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၂၁ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၇၆ ဦးဟာ ဒီကနေ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
- ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ မြန်မာလုပ်သား ၇၂၈ ဦး စေလွှတ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။တောင်ကိုရီးယားအစိုးရက မြန်မာလုပ်သားတွေကို တရားဝင်ပြန်လက်ခံနေပြီးတော့ ဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ ဦး၊ စက်တင်ဘာလမှာ ၉၇၈ ဦး၊အောက်တိုဘာလအတွင်းမှာ မြန်မာလုပ်သား ၁,၁၆၉ ဦးကို တရားဝင်ဝင်ခွင့်ပြုခဲ့ပါတယ်။
( ဒီဇင်ဘာလ ၂၇ ရက်က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်၊ ဓာတ်ပုံ – Myanmar Embassy, Seoul)