နိုဝင်ဘာ 7, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

အယုဒ္ဓယတွင် ကားနောက်အတွင်း ပုန်းပြီးလိုက်ပါလာသည့် မြန်မာ ၁၆ ဦးဖမ်းဆီးခံရ

နိုဝင်ဘာ ၆ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ အယုဒ္ဓယပြည်နယ်၊ မဟာရတ်၊ သာတိုမြို့နယ်ခွဲတွင် ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့ကကားတစီး အနောက်အတွင်း ပုန်းပြီးလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၆ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ဖော်ပြသည်။

စိုက်ပျိုးရေးထွက်ကုန်များ တင်ထားသည့် အနက်ရောင် ပစ်ကပ်ကား ၁ စီးကို ရဲတပ်ဖွဲ့ကစစ်ဆေးရာ ကားနောက်တွင် တာပေါ်လင်စဖြင့် အုပ်ထားသည့် ပြုပြင်ထားသည့် အခန့်ငယ်အတွင်း၌ မြန်မာနိုင်ငံသား ၁၆ ဦးအား ဝှက်ထားသည် တွေ့ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများသည် ပတ်စ်ပို့ နှင့် စာရွက်စာတမ်းအထောက်အထားများ မပါရှိကြကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

ထို့အပြင် ကား၏ ဂီယာတံဘေးတွင် အနက်ရောင် တိပ်ဖြင့် ပတ်ထားသော သကြားလုံးဘူး တစ်ခုအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၃၄ ပြား နှင့် ရေခဲ (ice) ခေါ် မက်သမ်ဖက်တမင်း ၀.၃ ဂရမ် (အိတ်အပါအဝင်) တို့ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ကားသမား၏ ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်အရနိုဝင်ဘာလ ၄ ရက်နေ့ညတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၆ ဦးအား တက်ခ်ခရိုင်မှ ခေါ်ဆောင်ခဲ့ပြီး တစ်ဦးလျှင်ပို့ဆောင်ခ ဘတ် ၅၀၀ နှုန်း ဖြင့် ငွေရခဲ့ကြောင်း သိရသည်။

၎င်းကားသမားသည် ယခင်ကလည်း နိုင်ငံခြားသား အလုပ်သမားများ ခိုးသွင်းမှုဖြင့် နှစ်ကြိမ် ဖမ်းဆီးခံရဖူးသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ကားသမားနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆ ဦးအား ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

ဓာတ်ပုံ – khaosod