အောက်တိုဘာ ၂၄၊အရုဏ်ဦး စင်ကာပူမှာ အလည်အပတ်ပတစ်ပို့(PV)ကိုင်ထားသူတွေ မြန်မာနိုင်ငံသားကို အလည်အပတ်ပြန်ရာမှာအခက်မတွေ့ရအောင် အလုပ်အကိုင်ပတ်စ်ပို့(PJ)ပြောင်းလဲပေးသွားမယ်လို့ စစ်ကောင်စီသံရုံးက ထုတ်ပြန်ထားပါတယ်။ စင်ကာပူနိုင်ငံမှာ PVပတ်စ်ပို့နဲ့ ရောက်ရှိအလုပ်လုပ်ကိုင်နေပြီး ဝင်ငွေအခွန်ပေးဆောင်ထားတဲ့မြန်မာလုပ်သားတွေ နေရပ်ပြန်ရာမှာအခက်မတွေ့ရအောင်ဆောင်ရွက်ပေးမှာလို့ ဆိုပါတယ်။ ပတ်စ်ပို့အမျိုးအစားပြောင်းလဲလိုသူတွေအနေနဲ့ သံရုံးရဲ့ whatsappကတဆင့်ရက်ချိန်းရယူနိုင်ပြီး အသွား/အပြန်လေယာဥ်လက်မှတ်၊သက်တမ်းရှိအလုပ်လုပ်ကိုင်ခွင့်ကတ်၊နိူင်ငံကူးလက်မှတ်၊…