အလုပ်သမားသမဂ္ဂဝင်တချို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်

အလုပ်သမားသမဂ္ဂဝင်တချို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်
- ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်တဲ့အထဲမှာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တချို့ ပါတယ်လို့ အလုပ်သမားအဖွဲ့တွေထံက သိရပါတယ်။သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)မှ သမဂ္ဂဝင်နှစ်ဦးလည်း ဒီနေ့ပြန်လွတ်တယ်လို့ ကြားသိရကြောင်း အဲဒီအဖွဲ့ချုပ်တာဝန်ရှိသူက ဆိုပါတယ်။” တစ်ယောက်က ပုသိမ်အကျဥ်းထောင်က။ သူက အရင်အစိုးရလက်ထက်ကတည်းက တခြားအမှုနဲ့ ထောင်ကျနေတာ။ လွတ်ရက်လည်း နီးနေပြီ။ ပြန်လွတ်ပြီလို့တော့ ပြောတယ်။ အဆက်အသွယ် မရသေးဘူး ” လို့ သူက ပြောပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)မှ တာဝန်ရှိသူတစ်ဦးကလည်း သမဂ္ဂဝင်တချို့ ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းရထားပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။လက်ရှိအချိန်အထိ အလုပ်သမားအဖွဲ့ချုပ်နဲ့သမဂ္ဂဝင် ၂၀၀ ကျော်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပြီး လွတ်မြောက်လာသူ အရေအတွက်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။