တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၄၈ ဦးစေလွှတ်

တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၄၈ ဦးစေလွှတ်

ဇန်နဝါရီ ၅ ရက်၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၄၈ ဦး ဒီကနေ့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ Re-entry ကုန်ထုတ်လုပ်သား ၄၅ ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေး လုပ်သား ၃ ဦးဟာ ဒီကနေ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
  • နိုဝင်ဘာလအတွင်းမှာ မြန်မာလုပ်သား ၇၂၈ ဦး စေလွှတ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။တောင်ကိုရီးယားအစိုးရက မြန်မာလုပ်သားတွေကို တရားဝင်ပြန်လက်ခံနေပြီးတော့ ဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ ဦး၊ စက်တင်ဘာလမှာ ၉၇၈ ဦး၊အောက်တိုဘာလအတွင်းမှာ မြန်မာလုပ်သား ၁,၁၆၉ ဦးကို တရားဝင်ဝင်ခွင့်ပြုခဲ့ပါတယ်။
( ဇန်နဝါရီလ ၅ ရက်က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်၊ ဓာတ်ပုံ – Myanmar Embassy, Seoul)                           

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *