ဘန်ကောက်သံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးဖို့ ရက်ချိန်းလာယူသူ ၄၁၉၅ ဦးရှိ

ဘန်ကောက်သံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးဖို့ ရက်ချိန်းလာယူသူ ၄၁၉၅ ဦးရှိ
- ဘန်ကောက်သံရုံးမှာ နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးဖို့ ဒီနေ့ ရက်ချိန်းလာယူတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား ၄၁၉၅ ဦးရှိတယ်လို့ အဲဒီသံရုံးက သတင်းထုတ်ပြန်ပါတယ်။ဘန်ကောက်မြို့က မြန်မာသံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးရက်ချိန်းတိုကင်ယူသူတွေ ဇန်နဝါရီလ ၇ ရက်ကအဆမတန်များပြားခဲ့ပြီး တန်းစီ တိုကင်ယူရင်း မူးမေ့လဲသူတွေပါ ရှိခဲ့တာပါ။
- ဒီနေ့ ရက်ချိန်းတိုကင်ပေးရာမှာ မြန်မာသံရုံးတာဝန်ရှိသူတွေက လိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ပေးတာ၊ တိုကင် လာရောက်ယူသူတွေက ပူးပေါင်းကူညီပေးတာ၊ထိုင်းအာဏာပိုင်အဖွဲ့အစည်းတွေကအကူအညီပေးတာတွေကြောင့် ၄၁၉၅ ဦးကို စနစ်တကျ ရက်ချိန်းပေးနိုင်ခဲ့တယ်လို့ သံရုံးက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။အပတ်စဥ် စနေ့နေ့တိုင်း ရက်ချိန်းတိုကင်ထုတ်ပေးမယ်လို့လည်း သံရုံးက ကြေညာထားပါတယ်။


