ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်မှာ တရားမ၀င်မြန်မာလုပ်သား ၇ ဦး ဖမ်းဆီးခံရ
ဇန်နဝါရီ ၁၆ ရက်၊ Migrant Times
- ရနောင်းခရိုင်အာဏာပိုင်တွေက ကြိုတင်သတင်းရထားလို့ ထိုင်းနိုင်ငံထဲကို တရားမ၀င်လမ်းကြောင်းနဲ့ အလုပ်လုပ်ဖို့ လာတဲ့ မြန်မာလုပ်သား ၇ ဦးကို အဲဒီဒေသလုံခြုံရေးစစ်သားတွေက ဖမ်းဆီးမိခဲ့ပါတယ်။ဇန်နဝါရီလ ၁၄ ရက်ညက ရနောင်းခရိုင်၊ အုပ်စု -၂ ၊ ဘန်နောင်းကျေးရွာနားမှာ ပွဲစားလာခေါ်တာ စောင့်နေတဲ့မြန်မာလုပ်သား အမျိုးသား ၄ ဦး နဲ့ အမျိုးသမီး ၃ ဦးကိုရနောင်းခရိုင်အခြေစိုက်လုံခြုံရေးစစ်သားတွေက ဖမ်းဆီးမိခဲ့တာပါ။သူတို့ဟာ ကော့သောင်းမြို့ကနေ နယ်စပ်သဘာ၀လမ်းကြောင်း အသုံးပြုပြီး ရနောင်းခရိုင်ကို ၀င်လာတာလို့ သိရပါတယ်။