• ၂၀၂၄-ခုနှစ် စက်တင်ဘာလတွင် ထိုင်းနိုင်ငံ၊ဆူရတ်ဌာနီခရိုင်အတွင်းမှ မြန်မာရွေ့ပြောင်းကလေးငယ်များ၏ လေ့လာရေးစင်တာ(စာသင်ကျောင်း) (၆)ကျောင်းပိတ်ခံထားရမှုနှင့်ပတ်သက်ပြီး၊မိမိအနေနှင့်စာတမ်းငယ်လေးတစ်စောင်ရေးသားဖြစ်ခဲ့ပါသည်။စာသင်ကျောင်း(၆)ကျောင်းပိတ်ပင်ခံထားရသော်လည်းထိုင်းနိုင်ငံအတွင်းရှိ ရာနှင့်ချီသည့်ရွေ့ပြောင်းကျောင်းများအနေနှင့်မဖွင့်ရဲသည့်အပြင်၊တစ်ချို့ရွေ့ပြောင်းဆရာ၊ဆရာမများအနေနှင့်ဖမ်းဆီးအရေးယူခံထား ရသည်များ ရှိခဲ့ပါသည်။ • အဆိုပါစာတမ်းငယ်လေး၏ရည်ရွယ်ချက်မှာထိုင်းနိုင်ငံအတွင်းရွေ့ပြောင်းအလုပ်သမားများ၏ကလေးငယ်များပညာရေးကိုစနစ်တကျလုပ်ဆောင်နိုင်ရန်အတွက် ထိုင်းအစိုးရနှင့် သက်ဆိုင်ရာအစိုးရများအားအကြံပြုဆွေးနွေးထား မှု များနှင့် မေတ္တာရပ်ခံချက်များပါဝင်ပါသည်။ • ရွေ့ပြောင်းကလေးငယ်များ၏ပညာရေးအတွက်တတ်နိုင်သလောက်လေးဆောင်…