Kingrich အထည်ချုပ်စက်ရုံက နေမကောင်းတဲ့အလုပ်သမားကို ကျန်းမာရေးစောင့်ရှောက်မှုမပေးတဲ့အပြင် အလုပ်ကထုတ်တယ်လို့ဆို

Kingrich အထည်ချုပ်စက်ရုံက နေမကောင်းတဲ့အလုပ်သမားကို ကျန်းမာရေးစောင့်ရှောက်မှုမပေးတဲ့အပြင် အလုပ်ကထုတ်တယ်လို့ဆို

ဇန်နဝါရီ ၂၈ ရက်၊ Migrant Times
  • ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် စက်မှုဇုန် (၂) မှာဖွင့်ထားတဲ့ Kingrich အထည်ချုပ်စက်ရုံက ​နေမ​ကောင်းတဲ့အလုပ်သမားတစ်ဦးအလုပ်ပျက်လို့ဆိုပြီး အလုပ်က ထုတ်ပယ်ခံထားရတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)က ထုတ်ပြန်ပါတယ်။အဲဒီ အမျိုးသမီးဟာ နေမကောင်းတာကြောင့် စက်ရုံတွင်း အလုပ်လုပ်ကိုင်နေချိန် မူးလဲခဲ့ပြီး စက်ရုံဆေးပေးခန်းမှာလုံလောက်တဲ့ ဆေးဝါးမရှိဘဲ အပြင်ဆေးခန်းသို့လည်း ပို့ဆောင်ကုသပေးခြင်း မရှိခဲ့ဘူးလို့ဆိုပါတယ်။အလုပ်သမားရဲ့မိသားစုဆီအကြောင်းကြားကာအိမ်ပြန်ပို့ခဲ့ပြီး အိမ်မှာပဲ ခွင့် ၃ ရက်ယူနားပြီးနောက် အလုပ်ပြန်ဆင်းတဲ့နေမှာ ထပ်ပြီးမူးလဲခဲ့တယ်လို့သိရပါတယ်။
  • အဲဒီလိုကျန်းမာရေးမကောင်းတာကြောင့် အလုပ်သမားရဲ့မိသားစုက ဆေးကုသဖို့လစာမဲ့ခွင့်တောင်းခံတာကို စက်ရုံဘက်က လက်မခံဘဲ အလုပ်ကထုတ်လိုက်တာဖြစ်တယ်လို့ STUMရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဥပဒေအရ လုပ်သားထောင်ကျော်ရှိတဲ့ အလုပ်လုပ်စက်ရုံမှာ ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းအစုံအလင်ရှိတဲ့ဆေးပေးခန်းနဲ့အတူ ဆရာဝန်တဦး ထားရှိရမှာဖြစ်ပေမယ့် အဲဒီစက်ရုံမှာတော့ ဆေးဝါးမပြည့်စုံတဲ့အပြင် သူနာပြုတစ်ဦးသာ ထားရှိတယ်လို့ဆိုပါတယ်။အလုပ်သမားတွေအနေနဲ့ ရသင့်ရထိုက်တဲ့ ခွင့်အမျိုးမျိုးမှာ အခြေအနေ အကြောင်းကြောင်းကြောင့် ယူရတဲ့ လစာမဲ့ခွင့်လည်း တစ်ခုအပါအဝင် ဖြစ်ပေမယ့်စက်ရုံကလိုက်နာမှုမရှိဘူးလို့လည်း STUMက ပြောပါတယ်။
  • ” ကျန်းမာရေး အခြေအနေကြောင့် လစာမဲ့ခွင့် တောင်းခံတာကို စက်ရုံဘက်က မပေးတာဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ဖြစ်ပါတယ် ” လို့ ယင်းအလုပ်သမားအဖွဲ့ချုပ်က ဆိုပါတယ်။အဲဒီ Kingrich အထည်ချုပ်စက်ရုံဟာ H&M ၊ M&S ကဲ့သို့ နာမည်ကြီးအမှတ်တံဆိပ် အဝတ်အထည်​တွေကို ချုပ်လုပ်နေပေမယ့် အလုပ်သမား​တွေအပေါ် အလုပ်သမားအခွင့်အရေးနဲ့ အလုပ်သမားဥပဒေကို ချိုးဖောက်လျက်ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။အဆိုပါဖြစ်စဥ်နဲ့ပတ်သက်လို့ Kingrichအထည်ချုပ်စက်ရုံဘက်ကိုဆက်သွယ်​မေး​မြန်းပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။                                                                             

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *