တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၁၄၅ ဦးစေလွှတ်

တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၁၄၅ ဦးစေလွှတ်
- တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၄၅ ဦး ဒီကနေ့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ ကုန်ထုတ်လုပ်သားသစ် ၂၉ ဦး၊ CBT ကုန်ထုတ်လုပ်သား ၅ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၂၀ ဦး၊ စိုက်ပျိုး/မွေးမြူရေး လုပ်သားသစ် ၆၁ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၃၀ ဦးဟာ ဒီကနေ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

