Mobile စနစ်နဲ့ ပတ်စ်ပို့သက်တမ်းတိုးထားတဲ့ စာအုပ်ထုတ်ယူနိုင်ဖို့ ဒီနေ့ စတင်စာရင်းသွင်းရမယ်

Mobile စနစ်နဲ့ ပတ်စ်ပို့သက်တမ်းတိုးထားတဲ့ စာအုပ်ထုတ်ယူနိုင်ဖို့ ဒီနေ့ စတင်စာရင်းသွင်းရမယ်

ဖေဖော်ဝါရီ ၆ ရက်၊ Migrant Times
  • နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရမယ့် မြန်မာ‌​ရေွှ့ပြောင်းလုပ်သား ၁၀,၀၀ နဲ့အထက်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအနေနဲ့ ဒီနေ့ ဖေဖော်ဝါရီလ ၆ ရက်က စတင်ပြီး သက်တမ်းတိုးပြီးသား စာအုပ်ထုတ်ယူနိုင်ဖို့ သတ်မှတ်ပုံစံတွေ ဖြည့်သွင်းပြီး ဉီးမျိုးဇော်သောင်း၊ ကောင်စစ်အရာရှိ၊ သံရုံးသစ်ကို စာရင်းတင်သွင်းလို့ရပြီဖြစ်ပါတယ်။သံရုံးအနေနဲ့ ဇန်နဝါရီလ ၃၀ ရက်ကတည်းက သက်မှတ်ချက်နဲ့ကိုက်ညီတဲ့ တချို့ စက်ရုံတွေမှာ Mobile စနစ်နဲ့ အချက်အလက်ကောက်ယူမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပြီး ပတ်စ်ပို့ သက်တမ်းတိုးထားတဲ့ စာအုပ်အသစ်ထုတ်ယူနိုင်ဖို့အတွက် အချက်အလက် ကောက်ယူပြီးသွားတဲ့ စက်ရုံ၊ အလုပ်ရုံတွေက သတ်မှတ်ပုံစံ​တွေကို ဖြည့်စွက်တင်သွင်းရမှာဖြစ်ပါတယ်။လက်ရှိဆောင်ရွက်နေတဲ့ အချက်အလက်ကောက်ယူမှု လုပ်ငန်းစဥ်ဟာ ဖေဖော်ဝါရီလအတွင်းမှာ စက်ရုံ၊ အလုပ်ရုံ အားလုံးပြီးဆုံးနိုင်တာကြောင့် သံရုံးသစ်ကိုတင်သွင်းရမယ့် စာရင်းတွေကို ဖေဖော်ဝါရီလ ၁၇ ရက် နောက်ဆုံးထား တင်သွင်းဖို့ သတိပေးထားပါတယ်။
ဓာတ်ပုံ-ဘန်ကောက်မြို့၊ မြန်မာသံရုံး                                                                                                                                                                                       

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *