ထိုင်းမှာ တရားမဝင် နေထိုင်အလုပ်လုပ်နေသူတွေကို တိုင်ကြား၊ ဖမ်းဆီး

ထိုင်းမှာ တရားမဝင် နေထိုင်အလုပ်လုပ်နေသူတွေကို တိုင်ကြား၊ ဖမ်းဆီး

ဖေဖော်ဝါရီ ၁၂ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ ပလွှတ်ဒန်င်၊ မဟာချိုင်နဲ့ တာ့ခ်ခရိုင်အတွင်းက စက်ရုံတချို့ကို ထိုင်းအာဏာပိုင်တွေက ဝင်‌ရောက်စစ်ဆေးပြီး တရားမဝင် အလုပ်သမားတွေနဲ့ နေထိုင်သူတွေကို ဖမ်းဆီးနေတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။ဒီလိုမျိုးဝင်ရောက် စစ်ဆေးဖမ်းဆီးမှုတွေဟာ တိုင်ကြားမှုတွေကြောင့်ဖြစ်ပြီး အဖမ်းခံရသူ အများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာလည်း မြန်မာနိုင်ငံသားတွေ တရားမဝင်နေထိုင်  ​နေကြောင်း တိုင်ကြားမှုတွေကြောင့် ထိုင်းအာဏာပိုင်တွေက နေအိမ်တွေအထိ ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်​နေပါတယ်။ဒါကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် တိမ်း‌ရှောင်နေထိုင် နေရသူတွေအနေနဲ့ ထိုင်းနိုင်ငံက ဉပဒေတွေကို လေးစားလိုက်နာဖို့နဲ့ သတိထားနေထိုင်ကြဖို့ မြန်မာရွေ့ပြောင်းအလုပ်သမားရေး လှုပ်ရှားနေသူတွေက သတိပေးထားပါတယ်။                                                                               

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *