အထည်အော်ဒါပါးလို့ဆိုပြီး ရွှေပြည်သာက စက်ရုံပိတ်ဖို့ပြင်

အထည်အော်ဒါပါးလို့ဆိုပြီး ရွှေပြည်သာက စက်ရုံပိတ်ဖို့ပြင်

ဖေဖော်ဝါရီ ၁၈ ရက်၊ Migrant Times
  • ရွှေပြည်သာမြို့နယ်က GTIG အထည်ချုပ်စက်ရုံဟာ အော်ဒါနည်းလာတာကြောင့်လို့ဆိုပြီး ဒီလကုန်ပိုင်းမှာ ပိတ်ဖို့ပြင်ဆင်နေတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။အဲဒီစက်ရုံဟာ အလုပ်သမား ၁၃၀၀ လောက်နဲ့ လည်ပတ်နေတာဖြစ်ပြီး လုပ်ငန်းခွင်အငြင်းပွားမှုမကြာခဏဖြစ်ပေါ်နေတယ်တဲ့ စက်ရုံဖြစ်တယ်လို့လည်း ဆိုပါတယ်။” မနေ့ကမှ အလုပ်သမားတွေကို စက်ရုံပိတ်မယ့်အကြောင်း အသိပေးတာ။ ဥပဒေပါနစ်နာကြေးတွေပေးမယ်လို့ပြောတယ် “လို့ STUMဒါရိုက်တာဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
  • အဲဒီစက်ရုံမှာ ဖြစ်ပေါ်နေတဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအပေါ် တိုင်ကြားမှုတွေရှိခဲ့ပြီး Brand ကုမ္ပဏီကလာရောက်စစ်ဆေးပြီးတဲ့နောက် ပိတ်သိမ်းမယ်ဆိုတဲ့ကြေညာချက်ထွက်လာတာလို့လည်း သူက ဆိုပါတယ်။စက်ရုံကို ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပိတ်မယ်လို့ ကြေညာထားပြီး အလုပ်သမားတွေကိုနို့တစ်ကြေးတစ်လစာနဲ့လုပ်သက်နစ်နာကြေးတွေပေးမယ်လို့အသိပေးထားတယ်လို့လည်းသိရပါတယ်။အဲဒီGTIGစက်ရုံဟာ ဆယ်စုနှစ်ကြာဖွင့်လှစ်လည်ပတ်ခဲ့တဲ့စက်ရုံဖြစ်ပြီး ရုံခွဲ ၄ခုရှိတယ်လို့ဆိုပါတယ်။                                                                                                                                                               

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *