နိုဝင်ဘာ 9, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ပတ်စ်ပို့ သက်တမ်းတိုးမယ့် ထိုင်း‌ရောက်မြန်မာတွေအတွက် စာအုပ်ကြေးတိုးမြှင့်

ပတ်စ်ပို့ သက်တမ်းတိုးမယ့် ထိုင်း‌ရောက်မြန်မာတွေအတွက် စာအုပ်ကြေးတိုးမြှင့်

ဖေဖော်ဝါရီ ၂၇ ရက်၊ Migrant Times
  • နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းကုန်ဆုံးပြီး အသစ်ပြန်လည်ပြုလုပ်ဖို့လိုအပ်နေတဲ့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လာမယ့် မတ်လ ၁ ရက်ကစပြီး ပတ်စ်ပို့စာအုပ်ကြေး တိုးမြှင့်ပေးဆောင်ရမှာဖြစ်တယ်လို့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ယခင်က ပတ်စ်ပို့စာအုပ်ကြေး ဘတ် ၈၀၀ သတ်မှတ်ထားရာကနေ ၁၂၅၀ ဘတ်ကို တိုးမြှင့်ကောက်ခံလိုက်တာဖြစ်ပါတယ်။ဒါကြောင့် ပတ်စ်ပို့စာအုပ်အသစ် ပြုလုပ်မယ့်သူတွေအနေနဲ့ စာအုပ်ကြေး ၁၂၅၀ ဘတ်နဲ့OWIC ကဒ် ၂၅၀ ဘတ် စုစုပေါင်း ၁၅၀၀ ဘတ်နှုန်း သက်ဆိုင်ရာဘဏ်စာရင်းသို့ ပေးသွင်းဖို့ လိုမှာဖြစ်တယ်လို့ သိရပါတယ်။ဒီကနေ့ထုတ်ပြန်ချက်အရ Mobile Team နဲ့ အချက်အလက်ကောက်ယူထားခဲတဲ့ စက်ရုံတွေအနေနဲ့လည်း တစ်ဉီးကို ၁၅၀၀ ဘတ်ပေးသွင်းပြီး မတ်လ ဒုတိယပတ်မှာ စာအုပ်တွေ ထုတ်ပေးသွားမယ်လို့ ပါရှိပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်