September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ရွှေပြည်သာမှာ အထည်ချုပ်စက်ရုံ နှစ်ရုံ ပိတ်သိမ်း

ရွှေပြည်သာမှာ အထည်ချုပ်စက်ရုံ နှစ်ရုံ ပိတ်သိမ်း

မတ် ၁ ရက်၊ Migrant Times
  • ရွှေပြည်သာမြို့နယ်မှာ မနေ့က အထည်ချုပ်စက်ရုံ နှစ်ရုံ ပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမား ထောင်နဲ့ချီအလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ အလုပ်သမားအရေးကူညီပေးနေတဲ့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံမှ သိရပါတယ်။GTIG အထည်ချုပ်စက်ရုံနဲ့ GY Sen အထည်ချုပ်စက်ရုံတို့ဟာ အော်ဒါနည်းလာတာကြောင့်ဆိုပြီး ရုတ်တရက်ပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။
  • “နှစ်ရုံပေါင်းရင်အလုပ်သမား နှစ်ထောင်လောက်ရှိမယ်။နောက်အလုပ်တစ်ခုက ပြန်ရှာဖို့ မလွယ်ဘူး”လို့ STUMမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။စက်ရုံပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမားတွေကို နို့တစ်ကြေးနဲ့ လျော်ကြေးပေးပေမယ့် အလုပ်လက်မဲ့ဖြစ်ရတဲ့အတွက် အဆင်မပြေမှုတွေရှိနေကြတယ်လို့လည်းဆိုပါတယ်။GY Sen အထည်ချုပ်စက်ရုံကတော့ စက်ရုံပြန်ဖွင့်ဖြစ်ရင် ဒီအလုပ်သမားတွေကို ဦးစားပေးပြန်ခန့်မယ်ဆိုပြီး သဘောတူစာချုပ်ချုပ်ထားတယ်လို့ သိရပါတယ်။အဲဒီစက်ရုံနှစ်ရုံဟာ ဒီနှစ်ထဲမှာ ပထမဆုံးပိတ်သိမ်းတဲ့စက်ရုံတွေ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *