ထိုင်း-မြန်မာ နယ်စပ်မျဉ်းပေါ်က ဈေးဆိုင်တွေကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ထိုင်း-မြန်မာ နယ်စပ်မျဉ်းပေါ်က ဈေးဆိုင်တွေကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး
- မြဝတီ- မဲဆောက်ကြား နှစ်နိုင်ငံ နယ်စပ်မျဥ်းပေါ်မှာရှိတဲ့ ရေလည်ကျွန်းက ဈေးဆိုင်တွေမှာ ဆေးလိပ်နဲ့ အရက်တွေ တရားမဝင်ရောင်းချနေတယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီလ ၂၈ ရက်မှာ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ပါတယ်။ဒီဒေသမှာ မြန်မာနိုင်ငံသားအများစုနေထိုင်ကြတာဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် မဲဆောက်ကို ဆေးလိပ်နဲ့ အရက်တွေမှောင်ခိုတင်ပို့နေတယ်ဆိုပြီး ထိုင်းနိုင်ငံသားတွေက တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
- ဒီဖမ်းဆီးမှုမှာ တရားမဝင်ရောင်းချနေတဲ့ ပစ္စည်းတွေကို ဖမ်းဆီးသိမ်းဆည်းခဲ့တာဖြစ်ပြီး ရောင်းချသူတွေကိုတော့ နယ်စပ်မျဉ်းပေါ်မှာဖြစ်တာကြောင့် မဖမ်းဆီးခဲ့ပါဘူး။ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ရှာဖွေခဲ့ရာမှာ ဆေးလိပ်နဲ့ အရက်အမျိုးအစား (၁၅)မျိုးကို သိမ်းဆည်းရမိခဲ့ပြီး အရက်အမျိုးအစားအစုံ(၁၀)ပုလင်း၊ ဆေးလိပ်အမျိုးအစားအစုံ(၄၈၀) တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ မဲဆောက်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။