အလုပ်သမားက တရားစွဲထားတဲ့ YFA စက်ရုံပိုင်ရှင် ရုံးချိန်း သုံးကြိမ်လုံး ပျက်ကွက်

အလုပ်သမားက တရားစွဲထားတဲ့ YFA စက်ရုံပိုင်ရှင် ရုံးချိန်း သုံးကြိမ်လုံး ပျက်ကွက်

မတ် ၃ ရက်၊ Migrant Times
  • အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်မှုအတွက် အလုပ်သမားက တရားစွဲထားတဲ့ YFAစက်ရုံပိုင်ရှင်ဟာ တရားရုံးက ဆင့်ခေါ်တဲ့ ရုံးချိန်း သုံးချိန်းလုံးပျက်ကွက်ခဲ့တယ်လို့ အလုပ်သမားဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။YFAစက်ရုံအလုပ်သမားဖြစ်တဲ့ မအိပိုပိုလှိုင်က တရုတ်နိုင်ငံသား စက်ရုံပိုင်ရှင်ကို ရွှေပြည်သာမြို့နယ်တရားရုံးမှာ ဇန်နဝါရီလ ၃၁ ရက်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။အဲဒီလိုတရားစွဲဆိုမှုနဲ့ပတ်သက်လို့ မတ်လ ၁ရက်အထိ ရုံးချိန်းသုံးချိန်းခေါ်ယူခဲ့ပေမယ့် အလုပ်ရှင်ဘက်က လာရောက်ရင်ဆိုင်မှုမရှိခဲ့ဘူးလို့ STUMမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
  • “ရရှိထားတဲ့သတင်းအရ စက်ရုံပိုင်ရှင်က ဂျပန်ရောက်နေတယ်။ စက်ရုံတာဝန်ရှိသူတွေက တရားရုံးရဲ့ဆင့်ခေါ်စာကိုလက်မခံဘူး။ ဒါကတော့တရားရေးကိစ္စဖြစ်တယ်။ဘယ်လိုအဆုံးအဖြတ်ပေးမယ်ဆိုတာစောင့်ကြည့်ရမှာပဲ”လို့ သူက ပြောပါတယ်။အဲဒီလို တရားရုံးချိန်းပျက်ကွက်ရင် မျက်ကွယ်စီရင်ချက်ချနိုင်သလို ဝရန်းထုတ်ခွင့်ရှိတယ်လို့လည်း တရားရေးအသိုင်းအဝိုင်းက ဆိုပါတယ်။YFAစက်ရုံဟာ အလုပ်သမားတွေကိုအ​ကြောင်းမဲ့အလုပ်ထုတ်ပယ်မှုအတွက်လည်း အငြင်းပွားမှုတွေရှိနေတဲ့စက်ရုံဖြစ်ပါတယ်။
  • မအိပိုပိုလှိုင်က သူ့အပေါ်စက်ရုံဘက်က အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ပျက်ကွက်မှုအတွက် မြို့နယ်အလုပ်သမားရုံးရဲ့ခွင့်ပြုချက်နဲ့တရားစွဲဆိုရတာလို့သိရပါတယ်။အဲဒီလို အလုပ်ခန့်ထားမှုစာချုပ်ချိုးဖောက်ပါက သုံးလထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။STUMတာဝန်ရှိသူကတော့ အလုပ်သမားတွေရဲ့အမှန်တရားအတွက် အလုပ်ရှင်အပေါ်တရားစွဲဆိုတာဖြစ်တာကြောင့် အနိုင်ရရှိဖို့မျှော်မှန်းထားတယ်လို့ဆိုပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *