နှစ်လအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅ ခု လိုင်စင်ပိတ်သိမ်းခံရ

နှစ်လအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅ ခု လိုင်စင်ပိတ်သိမ်းခံရ

မတ် ၄ ရက်၊ Migrant Times
  • နှစ်လအတွင်း လိုင်စင်ပိတ်သိမ်းအရေးယူခံရတဲ့ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅ခုရှိတယ်လို့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။အဲဒီထုတ်ပြန်ချက်အရ ဇန်နဝါရီလအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃ခုနဲ့ ဖေဖော်ဝါရီလအတွင်း အေဂျင်စီ ၂ခုတို့ ပိတ်သိမ်းခံထားရတာလို့ သိရပါတယ်။ဇန်နဝါရီလက Royal ABSကုမ္ပဏီ၊ Top Choice Manpower ကုမ္ပဏီတို့က လိုင်စင် ၁ နှစ်စီနဲ့ Myint Myat Tan Khon ကုမ္ပဏီတို့က လိုင်စင်ခြောက်လပိတ်သိမ်းခံရတာဖြစ်ပါတယ်။
  • ဖေဖော်ဝါရီလအတွင်းမှာတော့ PhyunSin May General Servicesကုမ္ပဏီက လိုင်စင် ၁နှစ်နဲ့ Poe Poe & Phyo Thandar Tun ကုမ္ပဏီကလိုင်စင်ခြောက်လပိတ်သိမ်းခံရတာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီ အေဂျင်စီတွေအနေနဲ့ ဘာကြောင့် လိုင်စင်ပိတ်သိမ်းခံရတယ်ဆိုတာကိုတော့ အသိပေးဖော်ပြထားတာမရှိပါဘူး။သတ်မှတ်ချက်တွေနဲ့မညီဘဲ အလုပ်သမားပို့ဖို့လုပ်တာကြောင့်လို့ပဲ သိရတယ်”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
  • လက်ရှိမှာ အဲဒီအေဂျင်စီ ၅ခုအပါအဝင်လိုင်စင်ရုတ်သိမ်းခံထားရတဲ့အေဂျင်စီ ၈ခုအထိရှိနေပြီး ကျန်အေဂျင်စီ ၃ခုကတော့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အရေးယူခံထားရတာဖြစ်ပါတယ်။အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ပြည်ပကို အလုပ်သမားစေလွှတ်ဖို့အတွက် အေဂျင်စီ ၃၀၀ ကျော်ကိုအကျိုးဆောင်လိုင်စင် ထုတ်ပေးထားတာလည်းဖြစ်ပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *