နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ငါးလာမျှားသူကို လာကြိုတဲ့ ပွဲစားထင်တဲ့ မြန်မာအလုပ်သမား ၂၇ဦး ဖမ်းဆီးခံရ

ငါးလာမျှားသူကို လာကြိုတဲ့ ပွဲစားထင်တဲ့ မြန်မာအလုပ်သမား ၂၇ဦး ဖမ်းဆီးခံရ

မတ် ၁၆ ရက်၊ Migrant Times
  • လာကြိုမယ့်ပွဲစားကို စောင့်ရင်းမလေးရှားကို သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာအလုပ်သမား ၂၇ဦး ဆီအုန်းခြံမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ယမန်နေ့က ဒေသခံအာဏာပိုင်အဖွဲ့တွေက ပရာကျွတ်ခီလီခမ်ခရိုင်၊ မင်မြို့ ခလောင်ဝမ်ကျေးရွာ ၊ အုပ်စု ၇ ဘန့်စွန်ခဝမ် အိမ်ယာ ဆီအုန်းခြံအနီးတစ်ဝိုက်မှာ တရားမဝင်မြန်မာအလုပ်သမား ၂၇ဦး၊ ကျား၂၄ဦး၊ မ ၁ ဦးနဲ့အတူ လမ်းပြကူညီသူ ၂ ဦးအပါအဝင် ဖမ်းဆီးမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြပါတယ်။
  • ဆီအုန်းခြံနားမှာ ငါးမျှားဖို့လာတဲ့ ထိုင်းဒေသခံ၂ ဦးကို ၄င်းတို့ကို လာကြိုမယ့်ပွဲစားထင်ကာ ပုန်းအောင်းတဲ့နေရာက ထွက်လာကြတာကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။သူတို့ဟာ ရခိုင်၊ထားဝယ်၊ မြိတ်၊ မန္တလေးကနေလာကြတာဖြစ်ပြီး မလေးရှားနိုင်ငံကိုသွားရောက်အလုပ်လုပ်ကိုင်မှာလို့ သိရပါတယ်။ တစ်ဦးကို ဘတ် ၄၅၀၀၀ ကနေ ၅၀၀၀၀ ထိ ပွဲစားခပေးရပြီး ဘတ်၂၀၀၀၀ အရင်ပေးထားရတယ်လို့ ဆိုပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်