September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ပြည်ပသွားမယ့်ကျွမ်းကျင်လုပ်သားတွေအတွက် OWIC ကဒ်ကို ရန်ကုန်မှာ နေ့ချင်းပြီးလုပ်ပေးမယ်လို့ဆို

ပြည်ပသွားမယ့်ကျွမ်းကျင်လုပ်သားတွေအတွက် OWIC ကဒ်ကို ရန်ကုန်မှာ နေ့ချင်းပြီးလုပ်ပေးမယ်လို့ဆို

မတ် ၁၇ ရက်၊ Migrant Times
  • ပြည်ပကို မိမိအစီအစဥ်နဲ့သွားရောက်လုပ်ကိုင်မယ့် ကျွမ်းကျင်လုပ်သားတွေနဲ့ ခွင့်ပြန်လုပ်သားတွေအနေနဲ့ ပြည်ပအလုပ်အကိုင်လက်မှတ်(OWIC)ကို နေပြည်တော်ရုံးချုပ်သို့ လျှောက်ထားရန် မလိုအပ်တော့ဘဲ ရန်ကုန်မှာတင်လုပ်ပေးမယ်လို့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနကထုတ်ပြန်ပါတယ်။OWIC ကဒ်လျှောက်ထားရာမှာ အရင်ကသတ်မှတ်ထားတဲ့ စာရွက်စာတမ်းများအတိုင်း ပြောင်းလဲမှုမရှိဘဲ မူရင်းစာရွက်စာတမ်းအထောက်အထားတွေနဲ့ အလုပ်သမားကိုယ်တိုင် မရန်းကုန်းမြို့နယ်၊ ၈ မိုင်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးသို့ သွားရောက်လျှောက်ထားရမှာလို့ဆိုပါတယ်။
  • အဲဒီလို ရန်ကုန်တိုင်းအလုပ်သမားရုံးမှာ လျှောက်ထားခွင့်ကို မတ်လ ၂၀ ရက်မှာစတင်ခွင့်ပြုမယ်လို့လည်းအသိပေးထားပါတယ်။ကျွမ်းကျင်လုပ်သားအဖြစ် ပြည်ပသို့သွားရောက်မယ့်သူ​တွေအနေနဲ့ ပြည်ပ အလုပ်အကိုင်လမ်းညွှန်သင်တန်းတက်ရောက်ခွင့်ကို​တော့အရင်အတိုင်းအတိုင်း နေပြည် တော်ရုံးချုပ်ဆီတင်ပြရမယ်လို့ဆိုပါတယ်။သင်တန်းဆင်းလက်မှတ်ရရှိထားသူတွေကို တာဝန်ရှိသူ​တွေက Visa နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း​တွေတိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်မှုရှိမှသာ ကျွမ်းကျင်လုပ်သားအဖြစ်သတ်မှတ်၍ WOIC ကဒ် ပြုလုပ်ခွင့်ရရှိမှာလို့လည်းအသိပေးထားပါတယ်။
  • “ရန်ကုန်မှာပဲ လုပ်လို့ရသွားတော့အလုပ်ရှုပ်သက်သာသွားတာပေါ့”လို့ ပြည်ပကိုသွားရောက်ဖို့ပြင်ဆင်နေသူတစ်ဦးကပြောပါတယ်။ပြည်ပကို အေဂျင်စီတွေကတစ်ဆင့်စေလွှတ်မယ့်အလုပ်သမားတွေကတော့ အခုအစီစဥ်မှာပါဝင်ခြင်းမရှိဘဲ အရင်အတိုင်းနေပြည်တော်မှာဆက်လျှောက်ကြရမှာဖြစ်တယ်လို့လည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *