တရားမဝင်လူပို့ကားကို ထိုင်းအာဏာပိုင်တွေ ခြေရာခံလိုက်ဖမ်းဆီးရာ ပွဲစားဇော်မင်းအပါအဝင် မြန်မာ ၇ ဦးဖမ်းဆီးမိ

တရားမဝင်လူပို့ကားကို ထိုင်းအာဏာပိုင်တွေ ခြေရာခံလိုက်ဖမ်းဆီးရာ ပွဲစားဇော်မင်းအပါအဝင် မြန်မာ ၇ ဦးဖမ်းဆီးမိ
- တရားမဝင်အလုပ်သမားသယ်ယူပို့ဆောင်ကားဖြစ်နိုင်တယ်လို့ သံသယရှိတဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေခြေရာခံပြီး လိုက်လံဖမ်းဆီးမှုဗီဒီယိုဖိုင်ကို ထိုင်းရတ်သတင်းဌာနက ဖော်ပြထားပါတယ်။လွန်ခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက တာဝန်ရှိသူတွေ တရားမဝင်အလုပ်သမားပို့ဆောင်ရေးကားတစ်စီးကို ခြေရာခံလိုက်လံဖမ်းဆီးရာမှာ ကားပေါ်လိုက်ပါတဲ့ ကားမောင်းသမားပွဲစား ဇော်မင်းအပါအဝင် တရားမဝင်မြန်မာအလုပ်သမား ၇ ဦးကို အဲ့ဒီခရိုင်ရဲ့မြို့ထဲမှာ တားဆီးဖမ်းဆီးခဲ့ပါတယ်။
- အာဏာပိုင်တွေရဲ့ ခြေရာခံလိုက်လံဖမ်းဆီးရတဲ့အကြောင်းရင်းမှာ အဲ့ဒီပွဲစားတွေဟာ ဖေ့ဘုတ်လူမှုကွန်ယက်ပေါ်မှာ “ ကားငှားချင်သူများ အနီးအဝေးဝန်ဆောင်မှုပေးပါတယ်၊ ဘန်ကောက်ကိုမြန်မာပြည်ကနေတက်လာချင်သူများလည်း ၁၀၀ ရာခိုင်နှုန်း အဖမ်းဆီးကင်းအာမခံနဲ့ခေါ်တယ်” ဆိုပြီး ကြော်ငြာထားတာကြောင့် အာဏာပိုင်တွေစုံစမ်းအချက်အလက်ရထားမှုနဲ့တကွ အဲ့ဒီပွဲစားနဲ့ မြန်မာအလုပ်သမားတွေ အဖမ်းခံရခြင်းဖြစ်ပါတယ်။
- ဖမ်းဆီးခံရခြင်းရဲ့ လွတ်အောင် အဲတရားမဝင်အလုပ်သမားများကို ခိုအောင်းရန် စမွတ်ပရာကန်ခရိုင်မြို့ထဲက တရားဝင်နေထိုင်လုပ်ကိုင်စားသောက်နေကြတဲ့ မြန်မာပြည်သားတွေနေထိုင်များတဲ့ ကွန်ဒိုမှာသွားရောထားရှိတယ်လို့ ဆိုပါတယ်။ဉပဒေချိုးဖောက်သူတွေကို အပြစ်ပေးအရေးယူဖို့အတွက် သက်ဆိုင်ရာရဲစခန်းမှာ ချုပ်နှောင်ထားရှိတယ်လို့ သိရပါတယ်။