September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ခြောက်လအတွင်း ထိုင်းနိုင်ငံက အာရှနိုင်ငံခြားသား အလုပ်သမားတွေကို အရေးယူမှုပိုများလာ

ခြောက်လအတွင်း ထိုင်းနိုင်ငံက အာရှနိုင်ငံခြားသား အလုပ်သမားတွေကို အရေးယူမှုပိုများလာ

ဧပြီ ၂ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ အာရှနိုင်ငံခြားသား အလုပ်သမားတွေကို တရားစွဲဆိုမှု မြင့်တက်လာခဲ့တယ်လို့ အလုပ်အကိုင်ဌာန (DoE) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကနေ အခုနှစ် မတ်လအထိ တရားစွဲဆိုမှုမြင့်တက်လာတာလို့ ဆိုပါတယ်။အလုပ်အကိုင်နေရာပေါင်း ၆၈၅ ခုကို တရားစွဲဆိုခဲ့ပြီး လူပေါင်း ၁၅၅၀ ဦးကို တရားစွဲဆိုထားကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
  • တရားစွဲခံရသူ အများစုဟာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုလူမျိုး ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်ပြီး ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသူတွေ ဖြစ်ပါတယ်။အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံသား အများအပြားကိုလည်း တရားစွဲဆိုထားတယ်လို့ Pattaya Mail က ဖော်ပြပါတယ်။ပြီးခဲ့တဲ့ခြောက်လအတွင်း ဖမ်းဆီးခံရတဲ့ ဥရောပသား၊ အမေရိကန်နှင့် ​ြသစတြေးလျနိုင်ငံသား အရေအတွက်ဟာ ၂၀ ဝန်းကျင်ပဲ ရှိသေးတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ကုန်ပစ္စည်းရောင်းချခြင်း၊ ဆံပင်အလှပြင်ခြင်း၊ ကားမောင်းခြင်းနင့် အနှိပ်ခန်းများ ပါဝင်သည်။ သို့သော်လည်း ခြောက်လတာကာလအတွင်း လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုအစီရင်ခံစာတွင် မပါဝင်ခဲ့ပေ။
  • ထိုင်း DoE ညွှန်ကြားရေးမှူးချုပ် Phairoj Chotikasatien က နိုင်ငံခြားအလုပ်သမားတွေကို ဒဏ်ကြေးငွေနဲ့ ပြည်နှင်ဒဏ်ပေးဆောင်ဖို့စည်းမျဉ်းအပြောင်းအလဲရှိလာတယ်လို့ ဆိုပါတယ်။ခွင့်ပြုချက်မရှိဘဲ အလုပ်အကိုင်ပေးတဲ့ လုပ်ငန်း​ေတွအတွက် ဒဏ်ကြေးဟာ အလုပ်သမားတစ်ဦးကို ဘတ် ၁၀,၀၀၀ ကနေ ၂၀၀,၀၀၀ ဘတ်အထိ ကွာခြားပါတယ်။” နိုင်ငံခြားသား တော်တော်များများက ဖူးခက်မှာ တရားဝင်ရော တရားမဝင်ရော အလုပ်လာလုပ်ကြတယ်။ မကြာခင်ကလည်း နိုင်ငံခြားသားတစ်စုဟာ ကားအငှားလုပ်ငန်းကို လုပ်ကိုင်ပြီးကားနဲ့ မီနီဘတ်စ် နှစ်မျိုးလုံးကို ပေးဆောင်ပြီး ခရီးသွား​တွေကို ကားမောင်းသူအဖြစ် ဆောင်ရွက်ပေးခဲ့တယ်။ ထိုင်းတွေဆီက အလုပ်တွေ ခိုးတယ်” လို့ ထိုင်းလဝက တာဝန်ရှိသူက ဆိုပါတယ်။ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ – Htet Aung

Leave a Reply

Your email address will not be published. Required fields are marked *