ကိုရီးယားက ပြန်လာပြီးပြန်သွားမယ့်လုပ်သားဟောင်းတွေ နိုင်ငံကူးလက်မှတ် အမြန်သက်တမ်းတိုးဖို့အသိပေး

ကိုရီးယားက ပြန်လာပြီးပြန်သွားမယ့်လုပ်သားဟောင်းတွေ နိုင်ငံကူးလက်မှတ် အမြန်သက်တမ်းတိုးဖို့အသိပေး
- တောင်ကိုရီးယားနိုင်ငံက ပြန်လာပြီး ပြန်လည်သွားရောက်လုပ်ကိုင်ကြမယ့်လုပ်သားဟောင်း (Re-entry)တွေအနေနဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းအမြန်တိုးထားဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)ကအသိပေးထားပါတယ်။အလုပ်သမားခေါ်ယူတာကိုတာဝန်ယူထားတဲ့HRD Korea ရဲ့ မူလသတ်မှတ်ချက်အရ ပထမအကြိမ် ၄ နှစ် ၁၀ လပြည့်လို့ စာချုပ် ထပ်မံ ချုပ်ဆိုပြီး ကိုရီးယားနိုင်ငံသို့ ပြန်လည်ဝင်ရောက်မယ့် Re-entry အလုပ်သမားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်း အနည်းဆုံး (၁) နှစ် ကျန်ရှိရမှာဖြစ်တယ်လို့ဆိုပါတယ်။
- အဲဒါနဲ့ပတ်သက်လို့ HRD Korea နဲ့ ဆွေးနွေးညှိနှိုင်းချက်အရ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိကြောင်း အလုပ်သမားကPOEA ရုံးဆီ သတင်းပေးပို့ ချိန်မှာနိုင်ငံကူးလက်မှတ်သက်တမ်းအနည်းဆုံး (၈) လ ကျန်ရှိဖို့၊HRD Korea ဘက်မှ CCVI လျှောက်ထားပေးပြီး CCVI ရရှိချိန်မှာဗီဇာ လျှောက်ထားဖို့နိုင်ငံကူးလက်မှတ်သက်တမ်း အနည်းဆုံး (၇) လ ကျန်ရှိဖို့၊ ဗီဇာရရှိပြီးနောက် လေယာဉ်တက်ချိန်တွင် နိုင်ငံကူးလက်မှတ်သက်တမ်း အနည်းဆုံး (၆) လ ကျန်ရှိဖို့ဆိုတဲ့သဘောတူညီချက်ရထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
- အဲဒါကြောင့် စာချုပ် ထပ်မံ ချုပ်ဆိုပြီး ကိုရီးယားနိုင်ငံမှ ပြန်လည်ထွက်ခွာမယ့် အချိန်မှာ နိုင်ငံကူးလက်မှတ်သက်တမ်း (၁) နှစ် မကျန်ရှိတဲ့ Re-entry အလုပ် သမားများတွေအနေနဲ့ မြန်မာနိုင်ငံပြန်ရောက်ချိန်မှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ဆောင်ရွက်နိုင်ရေးအတွက် POEA ရုံးသို့ စောလျင်စွာ သတင်းပို့ကြရမယ်ဆိုပြီးအသိပေးထားတာဖြစ်ပါတယ်။
- “နိုင်ငံကူးလက်မှတ်သက်တမ်းကသတ်မှတ်ချက်နဲ့မကိုက်ရင် ပြန်သွားဖို့အခက်အခဲရှိနိုင်တယ်။အဲဒါကြောင့် ပြင်ဆင်မှုတွေလုပ်ခိုင်းတယ်ထင်တယ်”လို့ ကိုရီးယားရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။အခုသတ်မှတ်ချက်အသစ်မှာတော့ ကိုရီးယားဘက်က ပတ်စ်ပို့သက်တမ်းခြောက်လကျန်ရှိတဲ့လုပ်သားဟောင်းတွေကို ဗီဇာချပေးမယ်ဆိုတဲ့ဖြေလျှော့မှုမျိုးလည်းတွေ့ရတယ်လို့ မြန်မာလုပ်သားအသိုင်းအဝိုင်းက ဆိုပါတယ်။