ပြည်ပရောက် ထိုင်းအလုပ်သမားတွေဆီက ထိုင်းဘတ် ၂၉၉,၀၇၇ ဘီလီယံ ၀င်ငွေရရှိ

ပြည်ပရောက် ထိုင်းအလုပ်သမားတွေဆီက ထိုင်းဘတ် ၂၉၉,၀၇၇ ဘီလီယံ ၀င်ငွေရရှိ

ဧပြီ ၁၇ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံဟာ COVID-19 အလွန်မှာ အလုပ်သမား တစ်သိန်းကျော်ကို နိုင်ငံခြားကို တရား၀င်ပို့ခဲ့ပြီး ဝင်ငွေ ထိုင်းဘတ် ဘီလီယံ ၂၉၉,၀၇၇ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။ဝန်ကြီးချုပ်ဟာ စျေးကွက်ချဲ့ထွင်ဖို့နဲ့ ထိုင်းအလုပ်သမား​ေတွကို ပြည်ပနိုင်ငံကို တရားဝင်အလုပ်သွားလုပ်ဖို့ အားပေးတိုက်တွန်းခဲ့ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အနူချာက ပြောပါတယ်။
  • ထိုင်းနိုင်ငံမှ အလုပ်သမား ၁၁၃,၁၈၆ ဦး ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်ပြီး ထိုင်းနိုင်ငံ ဘဏ်စနစ်နဲ့မိခင်နိုင်ငံကို စုစုပေါင်းတန်ဖိုး ထိုင်းဘတ်ငွေ ၂၉၉,၀၇၇ သန်းကျော် ပြန်ပို့ခဲ့ကြောင်း မစ္စတာ အနူချာက ဆိုပါတယ်။ထိုင်းနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးရာမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။စျေးကွက်ချဲ့ထွင်ဖို့နဲ့ ထိုင်းနိုင်ငံမှ အလုပ်သမားတွေကိုပြည်ပသို့ သွားရောက်လုပ်ကိုင်ဖို့ တွန်းအားပေးဆောင်ရွက်ဖို့ သက်ဆိုင်ရာ အေဂျင်စီတွေကိုလည်း ညွှန်ကြားထားပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *