ဂျပန်က မြန်မာလုပ်သား ၁၂၀၀ ကျော်ထပ်ခေါ်မယ်

ဂျပန်က မြန်မာလုပ်သား ၁၂၀၀ ကျော်ထပ်ခေါ်မယ်

ဧပြီ ၁၈ ရက်၊ Migrant Times
  • ဂျပန်နိုင်ငံက မြန်မာလုပ်သား ၁၂၀၀ ကျော်ကို ထပ်ခေါ်ဖို့ကမ်းလှမ်းထားတယ်လို့ တိုကျိုမြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။ဂျပန် ကုမ္ပဏီနဲ့ စက်ရုံတွေကနေ မြန်မာအလုပ်သမားတွေခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့ အလုပ်ခေါ်စာ ၃၂၃ ခုကို သံရုံးက ဧပြီလ ၁ရက်ကနေ ၁၈ရက်အထိ စိစစ်ခဲ့တာလို့ဆိုပါတယ်။လုပ်ငန်းကဏ္ဍစုံအတွက် ကမ်းလှမ်းထားတဲ့အလုပ်သမားဦးရေ ၁၂၅၈ ဦးရှိပြီး အဲဒီအရေအတွက်ဟာ ကိုဗစ်ကာလနောက်ပိုင်း ကမ်းလှမ်းမှုအများဆုံးဖြစ်တယ်လို့လည်းသိရပါတယ်။” ခေါ်စာတွေကတော့ ဆက်တက်လာဖို့ မျှော်လင့်ရတယ်။အလုပ်သမားတွေအတွက် အခွင့်ကောင်းပဲ” လို့ ဂျပန်ကိုအလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
  • အခု ကမ်းလှမ်းလာတဲ့အထဲမှာ သင်တန်းသားလုပ်သားတွေအပြင် ကျွမ်းကျင်လုပ်သားအများအပြားပါတယ်လို့လည်း အေဂျင်စီတွေက ဆိုပါတယ်။ခေါ်ယူမှုအများဆုံးအလုပ်တွေကတော့ စိုက်ပျိုးရေး၊ စားသောက်ကုန်ဝန်ဆောင်မှုနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာ လုပ်ငန်းတွေဖြစ်တယ်လို့ သူတို့က ပြောပါတယ်။လက်ရှိမှာ ဂျပန်က မြန်မာလုပ်သားခေါ်ယူမှုတိုးလာသလို သွားရောက်လုပ်ကိုင်လိုတဲ့သူတွေလည်း ပြည်တွင်းမှာများပြားနေပါတယ်။လက်ရှိ အဲဒီနိုင်ငံမှာ မြန်မာလုပ်သား ၄၀,၀၀၀ ကျော်ရောက်ရှိလုပ်ကိုင်နေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *