ထိုင်းအလုပ်သမားဈေးကွက် သိသိသာသာ ပြန်လည်ကောင်းလာပြီး အလုပ်လက်မဲ့ဦးရေ ၁ ဒသမ ၁ ရာခိုင်နှုန်းသာရှိကြောင်း အမျိုးသားစာရင်းအင်းရုံး NSO က ထောက်ပြ

- အခုနှစ် ပထမသုံးလပတ်အတွက် အလုပ်သမား စစ်တမ်း၏ ရလဒ်များအရ ထိုင်း အလုပ်သမားဈေးကွက် သိသိသာသာ ပြန်လည်ကောင်းမွန်လာကြောင်း ညွှန်ပြခဲ့ပြီး ထိုင်းလူမျိုး ၉၈ ရာခိုင်နှုန်း အလုပ်အကိုင်ရှိကြပြီးတော့ လူဦးရေ ၄ ဒသမ၂ သိန်း အလုပ်လက်မဲ့ဖြစ်ကာ ၁ ဒသမ ၁ ရာခိုင်နှုန်းသာရှိကြောင်းသိရပါတယ်။ထိုင်းနိုင်ငံ အလုပ်သမား အခြေအနေကို သုံးလတစ်ကြိမ် စောင့်ကြည့်ရန် စစ်တမ်းမှ အချက်အလက်များကောက်ယူပြီး ထိုင်းအလုပ်သမားဈေးကွက်၏ လက်ရှိအခြေအနေကို သိသိသာသာ ပြန်လည်ကောင်းမွန်လာကြောင်း သိရပြီး ၂၀၂၂ ခုနှစ် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ပါက တူညီမှု တွေ့ရှိကြောင်း အမျိုးသားစာရင်းအင်းရုံး (NSO)၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း (DES) မှ ညွှန်ကြားရေးမှူး မစ္စ Piyanuch Vutthison က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
- လုပ်သားအင်အား၏ ဖွဲ့စည်းပုံအရ အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ ၅၈ ဒသမ ၈ သန်းရှိပြီး အလုပ်သမားထုစျေးကွက်တွင် လူ ၄၀ ဒသမ ၃ သန်း သို့မဟုတ် ၆၈ ဒသမ ၅ ရာခိုင်နှုန်းရှိပါတယ်။ ကျန်လုပ်သား အင်အားမှာ ပြင်ပတွင် လုပ်သားအင်အား ၁၈ ဒသမ ၅ သန်းခန့်ရှိပါတယ်။ အလုပ်အကိုင်ရှိသောဦးရေ ၃၉ ဒသမ ၆ သန်း (၉၈ ရာခိုင်နှုန်း) နှင့် အလုပ်လက်မဲ့ဦးရေ ၄ ဒသမ ၂ သန်း ရှိနေကြောင်းသိရပါတယ်။“၂၀၂၃ ခုနှစ် ပထမသုံးလပတ်မှာ လုပ်သားဈေးကွက်ရဲ့ အဓိက အပြောင်းအလဲက ခရီးသွားလုပ်ငန်းကဏ္ဍမှာ လုပ်သားတိုးတက်မှုပါပဲ။ တရုတ်နိုင်ငံမှ ပြန်လည်ဖွင့်လှစ်ပြီးနောက် ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွား အများအပြား လာရောက်လည်ပတ်ကြရာ ခရီးသွားလုပ်ငန်းကဏ္ဍတွင် နေရာထိုင်ခင်း အစားအသောက် နှင့်အဖျော်ယမကာဝန်ဆောင်မှု သို့မဟုတ် ခရီးသွားအေးဂျင့် အလုပ်လက်မဲ့နှုန်းသည် သိသိသာသာ နိမ့်ကျခဲ့ပါတယ်။ အထူးသဖြင့် အလုပ်လက်မဲ့နှုန်း ၂၇ ဒသမ ၆ ရာခိုင်နှုန်းမှ ၄ ဒသမ ၂ ရာခိုင်နှုန်းသို့ ၇ ဆနီးပါး ကျဆင်းသွားတယ်”လို့ မစ္စ Piyanut Vutthison က ပြောပါတယ်။