ထိုင်းမှာ မြန်မာမိန်းကလေးကို အလုပ်ရှင်က ၇ လကြာ အဓမ္မပြုကျင့်

ထိုင်းမှာ မြန်မာမိန်းကလေးကို အလုပ်ရှင်က ၇ လကြာ အဓမ္မပြုကျင့်
- ထိုင်းနိုင်ငံမှာ အသက် ၁၆ နှစ်အရွယ် မြန်မာမိန်းကလေးကို အလုပ်ရှင်က ၇ လကြာ အဓမ္မပြုကျင့်ခဲ့လို့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။မဲဆောက်ခရိုင်၊ ဖုတ်ဖရမြို့နယ်၊ ချောင်းကော်ကျေးရွာ အုပ်စု၊ မူထိ(၇) ဆိုအိုရွာမှ ခေါက်ဆွဲဆိုင် ပိုင်ရှင် မစ္စတာ ယုတ္တနာကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မုဒိမ်းမှု၊ ခြိမ်းခြောက်မှု၊ ထောင်ချမှု၊ စိတ်ပိုင်းဆိုင်ရာ စော်ကားမှု (ကျေအေးမှုမရှိဘဲ)တို့နဲ့ ထိရောက်စွာ အရေးယူပေးဖို့ကာယကံရှင်မြန်မာမိန်းကလေးက ဖေဖော်ဝါရီလ ၆ ရက်မှာ အမှုဖွင့် တိုင်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။
- အလုပ်ရှင်မှ ပထမအကြိမ် ဘတ်ငွေ ၈ဝဝဝ၀ ၊ ဒုတိယ အကြိမ်မှာ ဘတ်ငွေ ၁ သိန်းနဲ့ ဆွေမျိုးသားချင်းများအား ညှိနှိုင်းကာ ကျေအေးဖို့ ကြိုးစားခဲ့ဖူးပြီး ကာယကံရှင်က လုံး၀လက်မခံဘဲ အလုပ်ရှင်ကို အပြည့်အဝ တရားစွဲဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။အဆိုပါအမှုနဲ့ပတ်သက်၍ အစိုးရရှေ့နေများ၊ စိတ်ပညာရှင်များနဲ့ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိကျသော အထောက်အထားများ စုဆောင်းခြင်းနဲ့ ပေးပို့လာသော လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု အထောက်အထားတွေကို Phop Phra ရဲစခန်းမှ စောင့်ဆိုင်းနေရဆဲဖြစ်ပြီး လက်ရှိတွင် ရလဒ်များ ပြန်လည်ရရှိခြင်းမရှိသေးပေ။အမှုစစ်ဆေးခြင်းလည်း နှောင့်နှေးနိုင်ကြောင်း ရဲမှူးကြီး မစ္စတာ Ratsaran က ပြောပါတယ်။
