တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးကို ထိုင်းရဲ ဖမ်းဆီး

တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးကို ထိုင်းရဲ ဖမ်းဆီး

မေ ၁၃ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ နာခွန်နာယုတ်ပြည်နယ်၊ မွိုင်မြို့နယ်၊ ဟိန်တန်ကျေးရွာအုပ်စုက ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ထိုင်းရဲတွေက ​မနေ့က စစ်ဆေးရာမှာ တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။သူတို့နဲ့အတူ ဆောက်လုပ်ရေး ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်နေတဲ့ အလုပ်ရှင် မစ္စတာ ဖုန် (၃၉ နှစ်)ကိုပါ ထိုင်းရဲက ဖမ်းဆီးခဲ့တယ်လို့ Nakhon Nayok လူဝင်မှုကြီး ကြပ်ရေးအရာရှိ ဒု ရဲမှူးကြီး Pasin Laothong က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။လက်ရှိ အစိုးရရဲ့ ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ နိုင်ငံခြားသားအလုပ်သမားတွေကို ရှာဖွေစစ်ဆေး ဖမ်းဆီးအရေးယူဖို့ သက်ဆိုင်ရာအစိုးရဌာနပေါင်းစုံက ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း Muang Nakhon Nayok ရဲစခန်း ဒု-ရဲချုပ်ကြီး Pakphoom Phiphat Sajaphan က ပြောပါတယ်။
  • မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံတွင်း ဝင်ရောက် နေထိုင်ခြင်း၊ တရားမဝင် အလုပ်လုပ်ခြင်းနဲ့ အရေးယူ တရားစွဲမှာဖြစ်ပြီး စစ်ဆေးမေးမြန်းရာမှာ လူကုန်ကူးမှု လက္ခဏာ မတွေ့ရကြောင်း ဒု ရဲမှူးကြီး Pasin Laothong က ပြောပါတယ်။ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့နိုင်ငံခြားသားများကို စုံစမ်းဖော်ထုတ် ဖမ်းဆီးအရေးယူရန်နှင့် အကျင့်ပျက်ခြစားမှု အမျိုးမျိုးကို စုံစမ်းစစ်ဆေးပြီး လုပ်ငန်းရှင်များအား ဥပဒေအရ တင်းကြပ်စွာလိုက်နာရန် နခွန်နာယုတ်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှ ထုတ်ပြန်ကြေညာထားပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *