YFAစက်ရုံကိုအလုပ်သမားကတရားစွဲဆိုမူပြေလည်မူရရှိ

YFAစက်ရုံကိုအလုပ်သမားကတရားစွဲဆိုမူပြေလည်မူရရှိ

မေ ၂၀ ရက်
အရုဏ်ဦး၊ Migrant Times
  • YFAအထည်ချုပ်စက်ရုံကို အလုပ်သမားဖြစ်သူက တရားရုံးမှာ တရားစွဲဆိုတဲ့အမှုနဲ့ပတ်သက်လို့ ရန်ကုန်တရားသူကြီးရှေ့တွင်နှစ်ဘက်ညှိနှိုင်းပြီးတဲ့နောက် ပြေလည်မှုရရှိခဲ့တယ်လို့ အဲဒီအလုပ်သမားအရေးကူညီပေးနေတဲ့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံကသိရပါတယ်။အလုပ်သမားဖြစ်သူ မအိပိုပိုလှိုင်ကို အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်နဲ့ကိုက်ညီမှုမရှိဘဲ အလုပ်ကထုတ်ပယ်တာနဲ့ပတ်သက်လို့ အလုပ်ရှင်ကို ရွှေပြည်သာမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
  • အဲဒီတရားစွဲဆိုမှုအပေါ်ရုံးချိန်း ၅ကြိမ်ခေါ်ယူပြီးတဲ့နောက် တိုင်းဥပဒေရုံးမှာ စေ့စပ်ညှိနှိုင်းဖို့ မြို့နယ်တရားသူကြီးက လမ်းညွန်လိုက်တဲ့အတွက်မနေ့က အလုပ်ရှင်၊အလုပ်သမားစေ့စပ်ညှိနိူင်းမှုပြုလုပ်ခဲ့တာလို့ဆိုပါတယ်။”မနေ့ကနှစ်ဘက်အဆင်ပြေမှုရရှိသွားတယ်လို့ပြောလို့ရတယ်။အဲဒါကြောင့် တရားစွဲဆိုမှုကပြီးပြတ်သလောက်ဖြစ်သွားပြီ”လို့ STUMမှတာဝန်ရှိသူက ပြောပါတယ်။အဲဒီအမှုဟာ ဘယ်လို သဘောတူညီမှုနဲ့ပြီးပြတ်တယ်ဆိုတာတော့သေသေချာချာမသိရသေးပါဘူး။အခုလို စက်ရုံပိုင်ရှင်ကိုအလုပ်သမားက တရားစွဲဆိုတာဟာ ရှားရှားပါးပါးဖြစ်ရပ်ဖြစ်ခဲ့ပြီးအမှုရင်ဆိုင်ချိန် ငါးလနီးပါးကြာမြင့်ခဲ့ပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *