စမွတ်ပရာကန်ခရိုင်မှာ ဓားထိုးမှုဖြစ်ပွားပြီး မြန်မာအမျိုးသားတစ်ဦး သေဆုံး

စမွတ်ပရာကန်ခရိုင်မှာ ဓားထိုးမှုဖြစ်ပွားပြီး မြန်မာအမျိုးသားတစ်ဦး သေဆုံး
- စမွတ်ပရာကန်ခရိုင်အထဲမှာ လုပ်ကိုင်စားသောက်ပြီး ငှားခန်းတစ်ခန်းထဲအတူနေထိုင်တဲ့ မြန်မာအမျိုးသားနှစ်ဦးတို့ စကားများရာကနေ ဓားထိုးမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးသွားပါတယ်။ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဖရာ့စမွတ်ကျေဒီမြို့၊ ခလောင်စွမ်ကျေးရွာထဲက ငှားရမ်းတိုက်ခန်းတစ်ခုမှာ အတူနေထိုင်လုပ်ကိုင်ကြတဲ့ မြန်မာသူငယ်ချင်းနှစ်ဦး စကားများပြီး ဓားထိုးမှုဖြစ်ခဲ့တယ်လို့ ဒေသသတင်းဌာနကတစ်ဆင့် သိရပါတယ်။ဒီနေ့ မေလ ၂၃ ရက်နေ့ရဲ့ အရုဏ်တက်ချိန် မနက် ၂ နာရီ မိနစ် ၃၀ လောက်မှာ မှုခင်းဖြစ်ပွားတဲ့နေရာအနားနေထိုင်တဲ့ တာဝန်သိပြည်သူရဲ့ သတင်းပေးပို့မှုကြောင့် စာခလာရဲစခန်းက အမှုခင်းရဲတွေရောက်ရှိလာပြီး စစ်ဆေးမှုများလုပ်ဆောင်သွားပါတယ်။
- အိမ်နီးနားချင်းတွေရဲ့ အမှုခင်းရဲတပ်ဖွဲ့တွေထံပြောပြချက်အရ အမှုခင်းမဖြစ်ပွားခင်မှာ သူတို့နှစ်ယောက်အကြီးအကျယ်ပြဿနာတက်ကြတယ်လို့ ဆိုပါတယ်။အဲဒီသေဆုံးသွားတဲ့ မြန်မာအမျိုးသားတစ်ဦးရဲ့ အမည်မှာ မောင်ဇော်ပိုင်ကိုဖြစ်ပြီး အသက် ၂၁ နှစ်သာရှိသေးကြောင်း ဖော်ပြထားပါတယ်။ အမှုကျူးလွန်တဲ့ သူ့သူငယ်ချင်းကတော့ ခိုက်ရန်ဖြစ်ပွားပြီးနောက် ဘေးကင်းရာသို့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။လက်ရှိမှာ သေဆုံးသူအလောင်းကို အသေးစိတ်ခွဲစိတ်စစ်ဆေးမှုပြုလုပ်ဖို့အတွက် စာခလာရဲစခန်းကတာဝန်ရှိသူတွေနဲ့ Phra Samut Chedi Sawatyan ဆေးရုံမှ ဆရာဝန်က မှုခင်းဆေးပညာဌာနကို ပို့ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။