မြန်မာအလုပ်သမားလို့ ယူဆရတဲ့ အမျိုးသမီးနှစ်ဦး ကားကြိတ်ခံရပြီး သေဆုံး

မြန်မာအလုပ်သမားလို့ ယူဆရတဲ့ အမျိုးသမီးနှစ်ဦး ကားကြိတ်ခံရပြီး သေဆုံး

ဇွန် ၉ ရက်
Migrant Times
  • ထိုင်းနိုင်ငံ၊ စုန်ခရာခရိုင်၊ စဒေါင်မြို့ လမ်းမကြီးတစ်နေရာမှာ ဆိုင်ကယ်စီးလာတဲ့ မိန်းကလေးနှစ်ဦးဟာ ကွေ့မယ့် ပစ်ကပ်ကားကို ရှောင်တိမ်းရာကနေ        ဆိုင်ကယ်ထိန်းမနိုင်ဖြစ်ပြီးလဲကျသွားရာမှာ နောက်ကပါလာတဲ့ကုန်တင်ကားက ကြိတ်မိပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။မနေ့ ည ၁၂နာရီခွဲအချိန်ခန့်က စဒေါင်မြို့ ရဲစခန်းကို စုန်ခရာခရိုင်၊ စဒေါင်မြို့၊ စမ်နတ်ခမ်ကျေးရွာ အုပ်စု ၁ ဘုန်းကြီးကျောင်းရှေ့မှာ ကုန်တင်ကားကြီးနဲ့ ကြိတ်မိသဖြင့် လူသေဆုံးကြောင်း တိုင်ကြားချက်ရရှိတာကြောင့် ကယ်ဆယ်ရေးအဖွဲ့နဲ့ တာဝန်ရှိသူ​ေတွ သွားရောက်စစ်ဆေးရာ ယာမဟဆိုင်ကယ်တစ်စီးနားမှာ အသက် ၂၅နှစ် မှ ၃၀နှစ် ပတ်ဝန်းကျင်ရှိ အမျိုးသမီး နှစ်ဦး သေဆုံးနေသည်ကို တွေ့ရှိသဖြင့် စစ်ဆေးကြည့်ရာ မည်သူမည်ဝါဖြစ်ကြောင်းသက်သေအထောက်အထားမတွေ့ရသဖြင့် သေဆုံးသူနှစ်ဦးရဲ့ ဖုန်းကိုစစ်ကြည့်ရာ မြန်မာစာတွေ့ရှိသဖြင့် သေဆုံးသူနှစ်ဦးသည် မြန်မာနိုင်ငံသားဖြစ်နိုင်ကြောင်း တာဝန်ရှိရဲများက သုံးသပ်ခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားရာအနီးရှိ ကုန်တင်ကားကြီးကိုဆက်လက်စစ်ဆေးရာ တိုက်ခြစ်ရာများမရှိကြောင်း တွေ့ရှိရတယ်လို့ဆိုပါတယ်။
  • အသက် ၄၀အရွယ်ရှိ ကုန်တင်ကားမောင်းသူ နိုင်အာ့ထဖွန်၏ပြောချက်အရ အခင်းဖြစ်သည့်နေရာအရောက်တွင် အရှေ့ပစ်ကပ်ကားမှကွေ့ရန်မီးအချက်ပြသည့်အချိန်တွင် အနောက်ကနေ ဆိုင်ကယ်တစီး အရှိန်ဖြင့် တဟုန်ထိုးဝင်လာပြီး ပစ်ကပ်ကားနဲ့ကုန်တင်ကားကြီး ကြားတွင်ဆိုင်ကယ်လဲကျသွားရာ ကုန်တင်ကားကြီးမှကွေ့ရှောင်မရတော့ဘဲ တက်ကြိတ်မိတယ်လို့ သိရပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *