အလုပ်သမားရှားပါးလို့ ဟောင်ကောင်က နိုင်ငံခြားအလုပ်သမား လက်ခံ
ဇွန် ၁၄ ရက်
ခွန်သောမတ်၊ Migrant Times
- ဟောင်ကောင်မှာ အလုပ်သမားရှားပါးမှုကို ဖြေရှင်းဖို့ နိုင်ငံခြားအလုပ်သမားတွေအတွက် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ စည်းမျဉ်းကို ဖြေလျှော့ပေးမယ်လို့ ဇွန်လ ၁၃ ရက်က ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အမှုဆောင်အရာရှိချုပ် မစ္စတာ ဂျွန်လီက ပြောကြားခဲ့ပါတယ်။ဟောင်ကောင်ရဲ့ ခရီးသွားလာမှု၊ ဆောက်လုပ်ရေး ကဏ္ဍတွေမှာ အနည်းဆုံး အလုပ်သမားဦးရေ ၁၀,၀၀၀ နဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ အလုပ်သမားဦးရေ ၈,၀၀၀ ခန့် လိုအပ်နေကြောင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး ပြည်တွင်းမီဒီယာမှာ ဖော်ပြထားပါတယ်။
- “ လုပ်သားရှားပါးမှု ရင်ဆိုင်နေရတဲ့ ကဏ္ဍတွေမှာ အလုပ်သမားလိုအပ်မှု ပြဿနာ ပြင်းထန်လာတာကို မပြင်ဘူးဆိုရင် ဟောင်ကောင် စီးပွားရေး အသိုင်း အဝိုင်း တစ်ခုလုံး ထိခိုက်လိမ့်မယ်” လို့ မစ္စတာ ဂျွန်လီက ဆိုပါတယ်။ကိုဗစ် -၁၉ ကူးစက်မှုကာကွယ်ဖို့ ထိန်းချုပ်တာတွေရုတ်သိမ်းပြီးနောက် လုပ်ငန်းအရေအတွက် တိုးမြင့်လာတာကြောင့် ဝန်ဆောင်မှုနဲ့ တခြားစက်မှုလုပ်ငန်းတွေမှာလုပ်သားရှားပါးမှုနဲ့ ရင်ဆိုင်နေရတာပါ။ဟောင်ကောင်ရဲ့ စီးပွားရေးဟာ အခုနှစ် ပထမသုံးလပတ်မှာ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး နယ်စပ်တွေဖွင့်ချိန်မှာ ပြန်လည်ကောင်းမွန်လာတာဖြစ်ပါတယ်။ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) တိုးတက်မှုဟာ၄ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးမြင့်လာတယ်လို့ Bloomberg သတင်းဌာန နောက်ဆုံး စစ်တမ်းမှာ ဖော်ပြပါတယ်။
ကိုးကား၊ ဓာတ်ပုံ- InfoQuest
