အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံမှုအပေါ် ထိုင်းနိုင်ငံသားလေးဦးကို မလေးရှား တရားစွဲဆို

အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံမှုအပေါ် ထိုင်းနိုင်ငံသားလေးဦးကို မလေးရှား တရားစွဲဆို
- ၂၀၁၅ ခုနှစ်က ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းတွေမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မြှုပ်နှံမှုနဲ့ လူကုန်ကူးမှု သံသယရှိမှုအပေါ် ထိုင်းလူမျိုးလေးဦးကို မလေးရှားတရားရုံးတစ်ခုက မနေ့က (သောကြာ)မှာ တရားစွဲဆိုခဲ့တယ်လို့ မလေးရှားပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ထိုင်းတောင်ပိုင်းနဲ့ မလေးရှားမြောက်ပိုင်းရှိ ထူထပ်တဲ့ သစ်တောများဟာ လှေနဲ့ အရှေ့တောင်အာရှသို့ လူမှောင်ခိုသမားတွေအတွက် အဓိက ရပ်နားရာနေရာတစ်ခုဖြစ်ပြီး လူကုန်ကူးခံရသူ အများစုမှာ မြန်မာနိုင်ငံမှာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာမူဆလင်များနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စုတ်ချာနေတဲ့ဒုက္ခသည်စခန်းများမှ ဖြစ်ပါတယ်။
- ၂၀၁၅ ခုနှစ်က ထိုင်းဘက်ခြမ်းမှာ အစုလိုက်အပြုံလိုက်မြှုပ်နှံထားတဲ့အလောင်းများနဲ့ စခန်းများ ရှာဖွေတွေ့ရှိမှုမှာ ထိုင်းအာဏာပိုင်တွေကို လူမှောင်ခိုသမားတွေအပေါ် နှိမ်နင်းဖို့ ဖြစ်စေပေမယ့် လူကုန်ကူးသူတွေဟာ ထောင်နှင့်ချီသော ရွှေ့ပြောင်းနေထိုင်သူများကို နယ်စပ်သို့ လှေတွေနဲ့ အပြည့်အသိပ်တင်ဆောင်ကာ ပင်လယ်ထဲ စွန့်ပစ်ကြပါတယ်။၂၀၁၇ ခုနှစ်က ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး လူကုန်ကူးမှုဆိုင်ရာ တရားခွင်အပြီး ထိုင်းရာဇဝတ်မှုတရားရုံးက စစ်ဗိုလ်များ၊ ရဲအရာရှိများနဲ့ ပြည်နယ်အရာရှိများ အပါအဝင် လူပေါင်း ၆၂ဦးကို ပြစ်ဒဏ်စီရင်ချမှတ်ခဲ့ပါတယ်။
- ၂၀၁၅ ခုနှစ်က ဒုက္ခသည်စခန်းတွေအတွင်း တွေ့ရှိခဲ့တဲ့ အစုလိုက်အပြုံလိုက်မြှုပ်နှံမှုနဲ့ပတ်သက်လို့ နှစ်နိုင်ငံ စုံစမ်းစစ်ဆေးမှုများနဲ့ ပတ်သက်ဆက်စပ်နေသူ လေးဦးကို အခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးခဲ့ပြီး မနေ့က ပါလစ်ပြည်နယ် တရားရုံးမှာတရားစွဲဆိုဖို့ မျှော်လင့်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီး Saifuddin Nasution Ismail က ပြောပါတယ်။အဲဒီထိုင်းနိုင်ငံသား လေးဦးကို ဘယ်လိုပြစ်မှုတွေနဲ့ စွဲချက်တင်မယ်ဆိုတာ ပြောကြားခြင်းမရှိပေယ့် မလေးရှားဟာ နယ်စပ်လုံခြုံရေးကို ထိန်းသိမ်းဖို့ ကတိကဝတ်ပြုထားပြီး အထူးသဖြင့် လူကုန်ကူးမှုနဲ့ ရွှေ့ပြောင်းလူမှောင်ခိုမှုတွေကို နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု ကိစ္စရပ်တွေအဖြစ် အလေးအနက်ရှုမြင်တယ်လို့ Saifudding က ပြောပါတယ်။၂၀၁၇ ခုနှစ်ကတည်းက နယ်စပ်စခန်းတွေမှာ စုံစမ်းစစ်ဆေးမှုတစ်စိတ်တစ်ပိုင်းအဖြစ် မလေးရှားနိုင်ငံသို့ လွှဲပြောင်းပေးဖို့ ကြိုးပမ်းခဲ့တဲ့ ထိုင်းနိုင်ငံသား ၁၀ ဦးမှာ အဲဒီလေးဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
