မြန်မာသင်္ဘောသားတစ်ဦးဆေးခြောက်ပါဝင်တဲ့E-စီးကရက်သယ်လာလို့ဆိုပြီး တောင်ကိုရီးယားလေဆိပ်မှာဖမ်းဆီးခံရ

မြန်မာသင်္ဘောသားတစ်ဦးဆေးခြောက်ပါဝင်တဲ့E-စီးကရက်သယ်လာလို့ဆိုပြီး တောင်ကိုရီးယားလေဆိပ်မှာဖမ်းဆီးခံရ

ဇွန် ၂၅ ရက်
အရုဏ်ဦး၊ Migrant Times
  • မြန်မာသင်္ဘောသားတစ်ဦးဟာ ဆေးခြောက်အဆီပါဝင်တဲ့ E-စီးကရက်ယူလာလို့ဆိုပြီး တောင်ကိုရီးယားလေဆိပ်မှာ ဖမ်းဆီးခံထားရတယ်လို့ ရေကြောင်းပို့ဆောင်ရေးညွန်ကြားမူဦးစီးဌာနထံကသိရပါတယ်။အဲဒီမြန်မာသင်္ဘောသားမှာ ဘယ်ရက်ကဖမ်းဆီးခံရတယ်ဆိုတာတော့မသိရဘဲ လက်ရှိမှာ တောင်ကိုရီးယား နိူင်ငံမှာမူးယစ်ဆေးဝါးအမူနဲ့ အမူဖွင့်ခံထားရတယ်လို့ ရေကြောင်းပို့ဆောင်ရေးညွန်ကြားမူဦးစီးဌာန၊ သင်္ဘောသားဌာနခွဲ က မြန်မာနိူင်ငံပင်လယ်ကူးသင်္ဘောသားဝန်ဆောင်မူလုပ်ငန်းရှင်များအဖွဲ့ချုပ် (MSESF)ထံအကြောင်းကြားစာမှာဖော်ပြထားပါတယ်။
  • ဖမ်းဆီးခံရတဲ့မြန်မာသင်္ဘောသားဟာ ထိုင်းနိူင်ငံ ကတဆင့်တောင်ကိုရီးယားကိုသွားရောက်တဲ့ခရီးစဥ်မှာ အကောက်ခွန်ဌာနက ရှာတွေ့ခဲ့တာဖြစ်ပြီး အဲဒီဆေးခြောက်အဆီကို ထိုင်းနိူင်ငံကနေဝယ်ယူခဲ့တာဆိုပြီးထွက်ဆိုထားတယ်လို့ဆိုပါတယ်။အဲဒီဖြစ်ရပ်ကြောင့် ပြည်ပနိူင်ငံတွေဆီသင်္ဘောလိုက်ဖို့သွားကြမယ့်သူတွေအနေနဲ့ အလားတူဖြစ်စဥ်တွေထပ်မံမဖြစ်ပေါ်စေဖို့ MSESFကလိုအပ်သလိုအသိပေးဆောင်ရွက်ဖို့နဲ့ သင်္ဘောလိုင်းကုမ္ပဏီ( SRPS)တွေကို အသိပေးပေးဖို့ဆိုပြီးတော့လည်းဖော်ပြထားပါတယ်။
  • “အဲဒီသင်္ဘောသားအဖမ်းခံရတာရက်ပိုင်းဘဲရှိသေးတယ်ကြားတယ်။သူကထိုင်းမှာတရားဝင်သုံးလို့ရတော့ အမှတ်တမဲ့ပါသွားရင်းအဖမ်းခံရတာလို့သိရတယ်”လို့ ပင်လယ်ကူးသင်္ဘောသားတစ်ဦးကပြောပါတယ်။ကိုရီးယားနိူင်ငံမှာ မူးယစ်ဆေးဝါးကို အထူးကြပ်မက်ဖမ်းဆီးမူရှိနေပြီး မူးယစ်ဆေးဝါးသယ်ဆောင်၊သုံးစွဲလို့ဆိုပြီး နိူင်ငံခြားသားတွေဖမ်းဆီးခံရတာနေ့စဥ်နီးပါးရှိနေတယ်လို့လည်း အဲဒီနိူင်ငံရှိမြန်မာအသိုင်းအဝိုင်းကဆိုပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *