နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
နိုင်ငံတကာ အလုပ်သမား သတင်း

ထိုင်းနဲ့ကမ္ဘောဒီးယား ပူးပေါင်းပြီး အွန်လိုင်းစနစ်နဲ့ MoU အလုပ်သမားတင်သွင်းမှု စတင်

ထိုင်းနဲ့ကမ္ဘောဒီးယား ပူးပေါင်းပြီး အွန်လိုင်းစနစ်နဲ့ MoU အလုပ်သမားတင်သွင်းမှု စတင်

ဇွန် ၂၆ ရက်
ခွန်သောမတ်၊ Migrant Times
  • ကမ္ဘောဒီးယားနိုင်ငံ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး ဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံ အလုပ်သမား၀န်ကြီးဌာန လက်အောက်ရှိ အလုပ်သမား စီမံခန့်ခွဲရေးဌာန တို့ ပူးပေါင်းပြီး လာမယ့် ဩဂုတ်လကုန်မှာ သက်တမ်း ကုန်မယ့် ကမ္ဘောဒီးယား MoU ရွှေ့ပြောင်းအလုပ်သမား ၄၀,၀၀၀ ကျော်အား အွန်လိုင်းစနစ်နဲ့ သက်တမ်းတိုးဆောင်ရွက်မှာ​ဖြစ်ကြောင်းသိရပါတယ်။ကမ္ဘောဒီးယား အလုပ်သမားများထံ အထောက်အထား စာရွက်စာတမ်းများ ထုတ်ပေးရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် ထိုင်းအစိုးရက တောင်းဆိုထားပါတယ်။
  • စာရွက်စာတမ်း အသစ်ထုတ်ပေးခြင်းအား ထည့်သွင်းစဉ်းစားရာတွင် အချက်အလက် များကို စစ်ဆေးခြင်းနှင့် အတည်ပြုခြင်းအတွက် အခြေခံဖြစ်ရန် ရရှိသင့်သော အကျိုးခံစားခွင့်များကို အကာအကွယ်ရရှိရန် ဇူလိုင်လကုန် နောက်ဆုံးထားပြီး ဗီဇာကို အချိန်မီရယူဖို့ တင်ပြထားပါတယ်။ကမ္ဘောဒီးယားဘက်မှလည်း ဗီဇာကြေး (Visa) ဘတ် ၂၀၀၀ အစား ဘတ် ၅၀၀ အထိ လျှော့ချရေးကိစ္စရပ်ကိုလည်း ထိုင်းဘက်မှ ထည့်သွင်းစဉ်းစားရန် အစိုးရအဖွဲ့သစ်ထံ ဆက်လျက် တင်ပြပြီး မိခင်နိုင်ငံသို့ ပြန်သွားစရာမလိုဘဲ ထိုင်းနိုင်ငံ ရှိ ကမ္ဘောဒီးယား MOU လုပ်သား ၄၀,၀၀၀ ကျော်အား စာရွက်စာတမ်းများ တင်သွင်းရာတွင် အွန်လိုင်းစနစ်ဖြင့် သက်တမ်းတိုး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ကြောင်း အလုပ်အကိုင် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Pairoj Jotikasthira က ပြောကြားပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်