နယ်စပ်မှာ နိုင်ငံကူးလက်မှတ် သွားလုပ်စဥ် ဗန်ကား သစ်ပင်ကိုဝင်တိုက်လို့ အလုပ်သမား ၁၃ ဦး ဒဏ်ရာရ
ဇူလိုင် ၂၉ ရက်
Migrant Times
- ထိုင်းနိုင်ငံ ရယောင်ပြည်နယ် ၀မ်ကျန်မြို့နယ် ပါယုနိုင်ကျေးရွာအုပ်စု ဘန်ဗိုင် နာကလိုင် ကျေးရွာအနီး လမ်းမကြီးအမှတ် ၃၄၄ တွင် နိုင်ငံခြားသား အလုပ်သမားတွေ အပြည့် တင်ဆောင်လာသော ဗန်ကားတစ်စီး သစ်ပင်ကို ၀င်တိုက်မိ ကြောင်း သတင်းရရှိပါတယ်။အခင်းဖြစ်သည့်နေရာမှာ ဘန်ကောက်မြို့တွင် မှတ်ပုံတင်ထားသော အဖြူရောင် ဗင်ကား တစ်စီးသည် နယ်စပ်သို့ ပတ်စပို့ နိုင်ငံကူးလက်မှတ် သွားလုပ်မည့် အလုပ်သမားများကို လိုက်ပို့စဥ် ယာဥ်မောင်း လျှပ်တစ်ပြတ်အိမ်ငိုက်မှုကြောင့် လမ်းဘေးရှိ သစ်ပင်ကို ၀င်တိုက်သွားပြီး ကားပေါ်ပါလာသည့် လာအိုအလုပ်သမား ၁၃ ဦး ဒဏ်ရာရ သွားကြောင့် ကယ်ဆယ်ရေး သမားများက ပြောပါတယ်။
- ဒဏ်ရာရ ခရီးသည်အားလုံးမှာ တရားဝင် စာရွက်စာတမ်းများနှင့်အတူ အိမ်နီးချင်း လာအိုနိုင်ငံမှ အလုပ်သမားဖြစ်ပြီး ချွန်ဘူရီပြည်နယ်မှ ထွက်ခွာလာခဲ့စဥ် ချန်ထဘူရီပြည်နယ်တွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် အမြန်လမ်းအမှတ် ၃၄၄တွင် မတော်တဆမှု ဖြစ်ခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဝမ်ချန်မြို့နယ် ရဲစခန်းမှ အမှုဖွင့် စစ်ဆေးနေပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားကြောင်း သိရပါတယ်။
ကိုးကား-www.nationtv.tv
