ဂျပန်နိုင်ငံက အလုပ်သင် လုပ်သားခေါ်ယူမှု လျှောက်ထားနိုင်

ဂျပန်နိုင်ငံက အလုပ်သင် လုပ်သားခေါ်ယူမှု လျှောက်ထားနိုင်

ဩဂုတ် ၂ ရက်
ခွန်သောမတ်၊ Migrant Times
  • ဂျပန်နိုင်ငံမှာ ၃ နှစ်အတွင်း နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်ပေးမယ့် အခွင့်အလမ်းသစ်ကို ဂျပန်အစိုးရက ခွင့်ပြုမှာဖြစ်ပြီး စွမ်းရည်ရှိ ကျွမ်းကျင်ထိုင်းအလုပ်သမားတွေ အနေနဲ့ နှစ်ရှည်၀င်ငွေ ကောင်းကောင်း ရရှိနိုင်တယ်လို့ ထိုင်း အလုပ်အကိုင်ရှာ‌ဖွေရေးရုံးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။သင်တန်းသား ရွေးချယ်ရေး စာမေးပွဲအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ ဂျပန် ဘာသာစကား ကျွမ်းကျင်မှုကို စစ်ဆေးမှာမို့ မည်သူမဆို စာမေးပွဲကို toea.doe.go.thဝက်ဘ်ဆိုက်မှာ အခမဲ့ လျှောက်ထားဖြေဆိုနိုင်တယ်လို့ သိရပါတယ်။ဂျပန်နိုင်ငံမှာ နည်းပညာဆိုင်ရာ အလုပ်သင်အနေနဲ့ သွားရောက်လုပ်ကိုင်ရမယ့် လုပ်ငန်းတွေကတော့
  • ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး လုပ်ငန်း၊ သတ္တုလုပ်ငန်း၊ သတ္တုတံဆိပ်ရိုက်လုပ်ငန်း၊ ဂဟေဆော်လုပ်ငန်း၊ အီလက်ထရွန်းနစ် တပ်ဆင်ခြင်းလုပ်ငန်း၊ စက်ထိန်းသိမ်းခြင်းလုပ်ငန်း၊ ဆေးသုတ်ခြင်းလုပ်ငန်း၊ ပလပ်စတစ် ပုံသွင်းခြင်းလုပ်ငန်း၊ မော်တော်ကား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း၊ အစားအသောက် ပြုပြင်ခြင်းလုပ်ငန်းတွေဖြစ်ပါတယ်။ဩဂုတ်လ ၁၈ ရက်အထိ ဝက်ဘ်ဆိုက်ကနေ စာမေးပွဲဖြေဆိုခွင့် အခမဲ့ လျှောက်ထားနိုင်ပြီး အရည်အချင်းစစ်စာမေးပွဲအောင်ရင် အသွားအပြန် လေယာဉ်လက်မှတ်၊ ပထမလတွင် ထောက်ပံ့ကြေး ယန်း ၈၀၀၀၀ သို့မဟုတ် ၁၉၅၂၇ ဘတ်ခန့်၊ ဒုတိယလ မှ ၃၆ လ အတွင်း ဂျပန်နိုင်ငံ ဥပဒေအရ အနည်းဆုံးလုပ်ခလစာနှုန်းထားထက် မနည်းသော လုပ်ခလစာ ရရှိမည်ဖြစ်ပြီး တစ်လလျှင် ဘတ်ငွေ ၅၃၀၀၀ ခန့် ရရှိမယ်လို့ သိရပါတယ်။
  • နေရာထိုင်ခင်း ၊ ရေခ၊ မီးခ အခမဲ့ဖြစ်ပြီး သင်တန်း အချိန်ဇယားအတိုင်း ပြီးဆုံးသောအခါ အလုပ်သင်လက်မှတ်ရရှိမယ်လို့ ဆိုပါတယ်။ထိုင်းနိုင်ငံကို ပြန်လာတဲ့အခါ လုပ်ငန်းခွင် စရိတ်အတွက် ယန်း ၆၀၀,၀၀၀ သို့မဟုတ် ၁၄၆,၄၆၀ ဘတ်ခန့် ရရှိမှာဖြစ်ပါတယ်။အရည်အချင်းပြည့်မီတဲ့ လျှောက်ထားသူစာရင်းကို ဩဂုတ်လ ၂၅ ရက်မှာ အလုပ်အကိုင်ဦးစီးဌာန ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ကြေညာမှာဖြစ်ပြီး doe.go.th/prd သို့မဟုတ် ထိုင်းအလုပ်သမားညွှန်ကြားမှုဦးစီးဌာန ဝက်ဘ်ဆိုက် သို့မဟုတ် doe.go.th/overseas နဲ့ facebook : IMthailand တို့်မှာလည်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *