၀ယ်လိုအားများလာလို့ ဥရောပလက်နက်ကုမ္ပဏီ စက်ရုံ အလုပ်သမားရှားပါးမှုနဲ့ ရင်ဆိုင်နေရ

၀ယ်လိုအားများလာလို့ ဥရောပလက်နက်ကုမ္ပဏီ စက်ရုံ အလုပ်သမားရှားပါးမှုနဲ့ ရင်ဆိုင်နေရ

ဩဂုတ် ၅ ရက်
ခွန်သောမတ်၊ Migrant Times
  • ဥရောပအလယ်ပိုင်းက လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေဟာ လုပ်သားရှားပါးမှုနဲ့ ရင်ဆိုင်နေရပြီး ဝန်ထမ်းအသစ်​ေတွကို မက်လုံးအမျိုးမျိုးပေးပြီး ဆွဲဆောင်ခေါ်ယူနေတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ရုရှားနဲ့ ယူကရိန်းစစ်ပွဲမှာ လက်နက်ဝယ်လိုအား မြင့်တက်လာခဲ့ပြီး ပိုလန်နဲ့ ချက်သမ္မတနိုင်ငံက လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ အလုပ်သမား ရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ဝန်ထမ်းအသစ်တွေအတွက် တိုက်ခန်း ဆောက်လုပ်ပေးခြင်း၊ အငြိမ်းစား အလုပ်သမားတွေအတွက် စက်ရုံမှာ အခမဲ့ အစားအသောက် ​ေကျွးမွေးတာတွေနဲ့ ဆွဲဆောင်နေရကြောင်း သိရပါတယ်။
  • တိုင်းပြည်မှာ လုပ်သားအင်အားနဲ့ အရင်းအမြစ်တွေ အလုံအလောက်ရှိမယ်ဆိုရင် ထုတ်လုပ်မှု စွမ်းရည် ၂၀ ရာခိုင်နှုန်းခန့် တိုးမြင့်နိုင်မယ်လို့ ချက်သမ္မတနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး စက်မှုလုပ်ငန်းအဖွဲ့ (DSIA) က Reuters သတင်းဌာနကို ပြောပါတယ်။ရရှား – ယူကရိန်းစစ်ပွဲ နောက်ဆက်တွဲကြောင့် ဥရောပ နိုင်ငံတိုင်းမှာ တိုင်းပြည်ကာကွယ်ရေး အသုံးစရိတ်တွေ တိုးမြှင့်ကြပြီး ဝယ်လိုအားကို အမီလိုက်နိုင်ဖို့ ထုတ်လုပ်မှုအရှိန်မြှင့်နေကြကြောင်း သိရပါတယ်။
ကိုးကား-www.voathai.com

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *