လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ရေလုပ်သားအတွက် နစ်နာကြေးရရှိရန်ကြိုးစားနေ

လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ရေလုပ်သားအတွက် နစ်နာကြေးရရှိရန်ကြိုးစားနေ

ဩဂုတ် ၇ ရက်
စကားဝါ၊ Migrant Times
  • ထိုင်းနိုင်ငံမှာ ​ပုဇွန်ဖမ်းထွက်နေတုန်း လှေပေါ်ကပြုတ်ကျပြီးသေဆုံးခဲ့ရတဲ့ အလုပ်သမားအတွက် နစ်နာကြေးရရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ AAC (လက်တွဲကူညီ)အဖွဲ့ကနေသိရပါတယ်။ပြီခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က အသက် ၂၁ နှစ်အရွယ် ကိုချစ်မင်းသူဟာ ပုဇွန်ဖမ်းထွက်ရင်း လှေပေါ်ကနေ ချော်ပြီးပြုတ်ကျခဲ့ပါတယ်။ ရေတက်ချိန်ဖြစ်နေတာကြောင့် ပြုတ်ကျကျခြင်း ရှာဖွေမှုတချို့ပြုလုပ်ခဲ့ပေမယ့် မတွေ့ရှိခဲ့ကြပါဘူး။“ ညီလေးက ရေမကူးတတ်ဘူး။ ပြုတ်ကျကျခြင်းတော့ရှာကြသေးတယ် ခဏပေါ့။ ပြီးတော့ဆက်မရှာဘဲနဲ့ နောက်နေ့မှ ရေငုပ်သမားတွေနဲ့ထပ်ရှာကြတယ်။ ဒါပေမဲ့မတွေ့ဘဲနဲ့ သူ့အလောင်းက မြစ်ဝက ဆိပ်ကမ်းတစ်ခုမှသွားပေါ်နေတာကို အဲ့ကလူတွေက တွေ့တာပါ ” လို့ သေဆုံးသူရဲ့ အစ်ကိုဖြစ်သူက ရှင်းပြပါတယ်။
  • အလုပ်ရှင်ဘက်က ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး တာဝန်မယူသလို၊ လုပ်ငန်းခွင်နစ်နာကြေး ပေးဆောင်ဖို့ကိုလည်း ရှောင်လွှဲနေတာကြောင့် တရားဉပဒေအရ တောင်းဆိုနိုင်ဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေ စုဆောင်းနေတယ်လို့ AAC (လက်တွဲကူညီ)က ကိုနေလင်းသူကပြောပါတယ်။“ ရေလုပ်သားကို ရေမကူးတတ်တဲ့သူကို ခိုင်းတယ်။ နစ်နာမှုဖြစ်လာတော့ အလုပ်သမားကပဲ အသုံးမကျလို့ဖြစ်သလိုမျိုးပြောတယ်။ အလောင်းကိုပြန်ရှာတွေ့တော့လည်း လှေပေါ်တောင်မတင်ဘူး၊ ဒီတိုင်းရေထဲကနေ အစ်ကိုဖြစ်သူက ဖက်ပြီး ဆွဲလာရတယ်။ စိတ်မကောင်းဖြစ်စရာတွေပေါ့ ” လို့ ဆိုပါတယ်။
  • ရေလုပ်သား အလုပ်ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ အခြေခံအလုပ်တွေထဲက အန္တရာယ်အများဆုံး အလုပ်တစ်ခုဖြစ်ပြီး အလုပ်ချိန်သတ်မှတ်ချက်တွေဟာလည်း မတူညီပါဘူး။လုပ်ငန်းခွင်ထိခိုက်မှုတွေအတွက် အမြင့်ဆုံး လူမှုဖူလုံရေးကြေး ဘတ် ၈ သိန်းကျော်အထိရရှိနိုင်ပေမယ့် အလုပ်ရှင်တွေက ဖူလုံရေးကြေးမသွင်းပေးတာကြောင့် နစ်နာမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။အခုလိုမိုးများတဲ့ရာသီမျိုးမှာ ရေလုပ်သားတွေရဲ့ ဘေးအန္တရာယ်လုံခြုံရေးအတွက် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက စစ်ဆေးတာတွေ ပြုလုပ်လေ့ရှိပေမယ့်ရွှေ့ပြောင်းရေလုပ်သားတွေကတော့ ဉပဒေသတ်မှတ်ချက်အတိုင်း ခံစားခွင့် မရကြဘူးလို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *