နိုဝင်ဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှ ဗီဇာကိုယ်စားလျှောက်ထားခွင့်အတွက် ​ကုမ္ပဏီ ၂၃ ခု ခွင့်ပြု

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှ ဗီဇာကိုယ်စားလျှောက်ထားခွင့်အတွက် ​ကုမ္ပဏီ ၂၃ ခု ခွင့်ပြု

ဩဂုတ် ၁၃ ရက်
Migrant Times
  • ရန်ကုန်မြို့ရှိ ထိုင်းသံရုံးကနေ ထိုင်းဗီဇာ ကိုယ်စားလျှောက်ထားပေးဖို့ ကုမ္ပဏီ ၂၃ ခုကို အခုနှစ်ဩဂုတ်လ ၂ ရက်ကနေ ၂၀၂၄ ခုနှစ် ​ဩဂုတ်လ ၁ ရက်အထိ တစ်နှစ်သက်တမ်း လုပ်ကိုင်ခွင့်​ပြုလိုက်ပါတယ်။အရင်က ထိုင်းနိုင်ငံကို သွားဖို့ ဗီဇာလျှောက်ထားရင် ကိုယ်တိုင်လျှောက်ထားရပြီး မိသားစုဝင်သန်းခေါင်စာရင်းမှာ နာမည်ပါသူက ကိုယ်စားလျှောက်ထားရပါတယ်။အခုကတော့ ကုမ္ပဏီ ၂၃ ခုကို တရားဝင် လုပ်ကိုင်ခွင့်ပြုလိုက်တယ်လို့ ထိုင်းသံရုံးက ကြေညာထားတာပါ။သံရုံး ကောင်စစ်ဝန်အပိုင်းဟာ လျှောက်ထားသူဦးရေ အကန့်အသတ်မရှိ လက်ခံမှာဖြစ်ပြီး တနင်္လာကနေ
  • သောကြာနေ့(သံရုံးပိတ်ရက်ကလွဲပြီး) နံနက် ၉နာရီကနေ ၁၁ နာရီအတွင်း Tourist, Transit, Non-Immigrant နဲ့ Smart Visa အမျိုးအစား​တွေအတွက် Approved Visa Processing Service Company တစ်ခုစီကတစ်ဆင့် လက်ခံမယ်လို့ သံရုံးက ကြေညာထားပါတယ်။ထိုင်းဘုရင့်သံရုံးရဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလကကြေညာချက်မှာ ပါတဲ့အတိုင်း ဗီဇာ ထုတ်ယူခြင်း အခကြေးငွေကို ကောက်ခံမှာဖြစ်ပြီး ဗီဇာကို အတည်ပြုသည်ဖြစ်စေ၊ ငြင်းပယ်သည်ဖြစ်စေ ဗီဇာကြေးကို ပြန်အမ်းမှာ မဟုတ်ကြောင်းလည်း သံရုံးက အသိပေးထားပါတယ်။စာရွက်စာတမ်းလိမ်လည်တင်ပြတဲ့ ဝန်ဆောင်မှုကုမ္ပဏီတွေကို သုံးကြိမ်ခွင့်ပြုပြီးနောက် စာရင်းကနေ ဖယ်ရှားမယ်လို့လည်း သံရုံးက ကြေညာထားပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်