ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲလျှောက်လွှာ စက်တင်ဘာလဆန်းမှာ စလက်ခံမယ်

ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲလျှောက်လွှာ စက်တင်ဘာလဆန်းမှာ စလက်ခံမယ်
- ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ(Special EPS TOPIK) ဖြေဆိုခွင့်လျှောက်လွှာတွေကို စက်တင်ဘာလဆန်းမှာ စလက်ခံမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA-EPS)က သတင်းထုတ်ပြန်ထားပါတယ်။အဲဒီစာမေးပွဲဟာ တောင်ကိုရီးယားနိုင်ငံမှာ သုံးနှစ်အထက်နေထိုင်လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနိုင်ငံကို ပြန်ရောက်နေတဲ့အလုပ်သမားဟောင်းတွေအတွက် ရည်ရွယ်တာဖြစ်ပြီး ဝင်ရောက်ဖြေဆိုနိုင်တဲ့ အလုပ်သမားစာရင်းကိုလည်း POEA-EPS က ကြေညာပေးလျက်ရှိပါတယ်။
- လက်ရှိအထိ အဲဒီစာမေးပွဲ ဖြေဆိုခွင့်ရှိသူဦးရေ ၁၅၀,၀၀ ကျော်ရှိနေပြီး ဖြေဆိုလိုသူတွေဟာ အွန်လိုင်းကနေလျှောက်ထားရမယ်လို့ ဆိုပါတယ်။” စာမေးပွဲကတော့ လပိုင်းအတွင်း ရှိမယ်ထင်တယ်။ စာမေးပွဲရှိတယ်ဆိုလို့ သင်တန်းပြန်တက်ဖို့လုပ်နေကြတယ် ” လို့ ကိုရီးယားဘာသာသင်တန်းကျောင်း ဖွင့်လှစ်ထားသူတစ်ဦးက ပြောပါတယ်။Special EPS TOPIK စာမေးပွဲဝင်ရောက်ဖြေဆိုမယ့်သူတွေဟာ အသက် ၁၈နှစ်ကနေ ၃၉ နှစ်အတွင်း ရှိရမှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံမှာ E-9၊ E-10 ဗီဇာနဲ့ ၅နှစ်အထက်နေထိုင်ဖူးသူ၊ ထောင်ဒဏ်၊ ပြစ်ဒဏ်ကျဖူးပြီး မြန်မာနိုင်ငံမှ ပြည်ပထွက်ခွာခွင့် တားမြစ်ခံရသူ၊ တစ်ဖက်နိုင်ငံမှ နှင်ထုတ်ခံထားရဖူးသူတွေ ဖြေဆိုခွင့်ရမှာမဟုတ်ဘူးလို့လည်း ကြေညာထားပါတယ်။
- တောင်ကိုရီးယားအလုပ်အကိုင်အတွက် EPS-Topik စာမေးပွဲကို မကြာခင်ကမှ ကျင်းပခဲ့ပြီး အခုသီးသန့်စာမေးပွဲ လုပ်ဖို့ စီစဥ်နေတာဖြစ်ကာ နောက်ထပ် EPS-Topik စာမေးပွဲကျင်းပမယ့်ရက်ကိုတော့ သက်ဆိုင်ရာက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ EPS စနစ်နဲ့ မြန်မာလုပ်သား ၅၀၀,၀၀ နီးပါးရောက်ရှိလုပ်ကိုင်နေတယ်လို့ သိရပါတယ်။