ဒီဇင်ဘာ၉ရက် ၊အရုဏ်ဦး ပြည်ပရောက်လုပ်သားရဲ့မိသားစုဆီလွှဲပို့ငွေအထောက်အထားပေးပို့ခြင်းမရှိတဲ့အေဂျင်စီ ၁၀၀ ကျော်ကို ဒီနေ့(ဒီဇင်ဘာ၉ရက်)မှာ မပို့နိုင်ရင်အရေးယူမယ်လို့ စစ်ကောင်စီရဲ့အလုပ်သမားညွန်ကြားရေးဦးစီးဌာနက သတိပေးထားပါတယ်။ နိုဝင်ဘာအတွက်လွှဲပို့ငွေအထောက်အထားကို ပေးပို့ခြင်းမရှိသေးတဲ့အေဂျင်စီ ၁၁၈ခုရှိပြီး ဒီနေ့နောက်ဆုံးထားပေးပို့ဖို့သတိပေးထားတာဖြစ်ပါတယ်။ အဲဒီပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ အထောက်အထားပေးပို့ဖို့ပျက်ကွက်ရင် ဒါဏ်ကြေးပေးဆောင်ရမယ့်အပြင် အလုပ်ခေါ်စာအသစ်တင်ခွင့်ကိုပါဆိုင်းငံ့အရေးယူမှာဖြစ်ပြီး အရင်လကစာရင်းကိုပါပျက်ကွက်ရင် ဒဏ်ကြေးနှစ်ဆပေးဆောင်ရမယ်လို့…