အလုပ်သမား ၁​ဒဿမ ၆ သန်းကျော်ကို ပြည်ပအလုပ်အကိုင် သက်သေခံကတ် (OWIC)ထုတ်ပေးထား

အလုပ်သမား ၁​ဒဿမ ၆ သန်းကျော်ကို ပြည်ပအလုပ်အကိုင် သက်သေခံကတ် (OWIC)ထုတ်ပေးထား

စက်တင်ဘာ ၈ ရက်
အရုဏ်ဦး၊ Migrant Times
  • အလုပ်သမား ၁ဒဿမ၆ သန်းကျော်ကို ပြည်ပအလုပ်အကိုင်သက်သေခံကတ် (OWIC)ထုတ်ပေးထားပြီးဖြစ်တယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်စာရင်းအရသိရပါတယ်။ပြည်ပကိုသွားရောက် လုပ်ကိုင်မယ့် အလုပ်သမားတွေကို အလုပ်သမားညွန်ကြားရေးဦးစီးဌာနက OWICကတ်ထုတ်ပေးနေတာဖြစ်ပြီး အလုပ်အကိုင်အမျိုးအစားနိူင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေအနေနဲ့အဲဒီလက်မှတ်ရှိမှ ပြည်ပသွားရောက်ခွင့်ရရှိတာဖြစ်ပါတယ်။လက်ရှိအချိန်အထိထိုင်းနိူင်ငံကိုသွားရောက်မယ့်အလုပ်သမားတွေကို OWICကတ်အများဆုံးထုတ်ပေးထားရပြီး ဦးရေ တစ်သန်းကျော်ရှိတယ်လို့ ထုတ်ပြန်ချက်စာရင်းမှာဖော်ပြထားပါတယ်။မလေးရှားနိူင်ငံက ဦးရေ ၃၈၀၀၀၀ ကျော်နဲ့ဒုတိယအများဆုံးရပ်တည်နေပြီး တောင်ကိုရီးယားက ဦးရေ၆၃၀၀၀ ကျော်၊ ဂျပန်နိူင်ငံက ဦးရေ ၅၅၀၀၀ ကျော်၊စင်ကာပူနိူင်ငံက ဦးရေ ၄၉၀၀၀ ကျော်အသီးသီးရှိတယ်လို့ဆိုပါတယ်။
  • အဲဒီနိူင်ငံတွေအပါအဝင် ပြည်ပ ၈၉ နိူင်ငံကိုသွားရောက်မယ့် အလုပ်သမား ၁ဒဿမ၆ သန်းကျော်ကို OWICကတ်ထုတ်ပေးထားတာဖြစ်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။”OWICကတ်စနစ်က အရပ်သားအစိုးရလက်ထက်ကတည်းကကျင့်သုံးခဲ့တာ။နောက်ပိုင်း သိပ်မလုပ်ဖြစ်တော့ဘဲဒီနှစ်ပိုင်းထဲကြမှပြန်အကောင်အထည်ဖော်လာတာ။အေဂျင်စီနဲ့ဖြစ်ဖြစ်ကိုယ့်အစီအစဥ်နဲ့ဖြစ်ဖြစ် PJပတ်စ်ပို့ကိုင်ထားသူတွေ ပြည်ပထွက်ဖို့ဆိုရင် အဲဒီကတ်ရှိမှလေယာဥ်ပေါ်တက်ခွင့်ပေးတယ်”လို့ပြည်ပအလုပ်အကိုင် အေဂျင်စီကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။အဲဒီ OWICကတ်ကိုအရင်က နေပြည်တော်ကို တိုက်ရိုက်လျှောက်ရပြီးနောက်ပိုင်း တိုင်းနဲ့ပြည်နာ်အလုပ်သမားရုံးတွေမှာ လျှောက်ထားခွင့်ပြုခဲ့တာဖြစ်ပါတယ်။ပြည်ပကို သွားရောက်မယ့်အလုပ်သမားအသစ်တွေနဲ့တကြော့ပြန်သွားရောက်မယ့် အလုပ်သမားတွေအနေနဲ့ အဲဒီကတ်ကိုမဖြစ်မနေ လျှောက်ထားကြရတယ်လို့ အလုပ်သမားတွေကဆိုပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *