မင်္ဂလာဒုံမြို့နယ်မှာ စက်ရုံအလုပ်သမားတွေရဲ့ကိုယ်ရေးအချက်အလက်ကောက်နေလို့ အလုပ်သမားတွေစိတ်မလုံမခြုံဖြစ်နေ မေ ၂၂ ရက် အရုဏ်ဦး၊ Migrant Times မင်္ဂလာဒုံစက်မှုဇုန်မှာ စက်ရုံအလုပ်သမားတွေရဲ့ကိုယ်ရေးအချက်အလက်ကိုကောက်နေတာကြောင့် စိတ်မလုံမခြုံဖြစ်နေကြရတယ်လို့ အလုပ်သမားတချို့က ပြောပါတယ်။လုံခြုံရေးအကြောင်းပြချက်နဲ့ အဲဒီမြို့နယ်က အလုပ်သမားတွေရဲ့ကိုယ်ရေးအချက်အလက်၊မိသားစုဆွေမျိုးတွေအကြောင်းပါထည့်သွင်းကောက်ယူနေတာဖြစ်ပြီး ကိုယ်ရေးကိုယ်တာမလုံခြုံမှုခံစားရတယ်ဆိုပြီး သူတို့က ဆိုပါတယ်။”ပုဂ္ဂိုလ်ရေးမလုံခြုံသလိုခံစားရတယ်။အလုပ်သမားတော်တော်များများကဒါကိုသဘောမကျဘူး”လို့…