တရုတ်နိုင်ငံသို့ မြန်မာအလုပ်သမား ၁၄၀၀ ကျော် နေ့စဉ်သွားရောက် အလုပ်လုပ်

တရုတ်နိုင်ငံသို့ မြန်မာအလုပ်သမား ၁၄၀၀ ကျော် နေ့စဉ်သွားရောက် အလုပ်လုပ်
- တရုတ်နိုင်ငံ နယ်စပ်ဒေသရှိ ဥယျာဉ်ခြံ၊ စက်ရုံ၊ အလုပ်ရုံတွေကို မြန်မာလူမျိုးေတွ နေ့စဥ် သွားရောက် အလုပ် လုပ်ကိုင်နေကြောင်း သိရပါတယ်။တရုတ်နိုင်ငံ ပီကင်း ဗဟိုအစိုးရရဲ့ ( ၇ ) ရက်သက်တမ်းရှိ ၀င်ထွက်သွားလာမှု အထူးခွင့်ပြုချက်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ပြီးနောက် မူဆယ်မြို့ နယ်စပ်၀င်ပေါက်မှာ မြန်မာအလုပ်သမား ၁၄၀၀ ကျော် နေ့စဉ် သွားရောက် အလုပ် လုပ်ကိုင်ေနကြောင်း သိရပါတယ်။တရုတ်နိုင်ငံဘက်ကို သွားရောက်ကြသူတွေဟာ စစ်ဘေးရှောင် ဒုက္ခသည် အများစုဖြစ်ပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ် ကျေးရွာတွေက ဖြစ်ပါတယ်။
