September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းက လက်သည်းအလှပြင်ဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်း အမျိုးသမီး ၅ ဦး ဖမ်းဆီးခံရ

နိုဝင်ဘာ ၁၀ ရက်
မောင်နေ့သစ်၊ Migrant Times
ထိုင်းနိုင်ငံတောင်ပိုင်းက ကော့စမွေကျွန်းပေါ်မှာ ဖွင့်ထားတဲ့ လက်သည်းအလှပြင်ဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီး ၅ ဦးကို ထိုင်းရဲတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၈ ရက်က ဖမ်းဆီးခဲ့ပါတယ်။
အလှပြင်အလုပ်နဲ့ လက်သည်းပညာရှင်တွေအဖြစ် လုပ်ကိုင်နေတဲ့အတွက် အဲဒီအမျိုးသမီး ၅ ဦးကို ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူ မြန်မာအမျိုးသမီး ၅ ဦးအနက် ၄ ဦးကို ခွင့်ပြုချက်ထက် ကျော်လွန်တဲ့ အလုပ်လုပ်ကိုင်မှုနဲ့ ကျန် ၁ဦးကိုတော့ တရားမဝင် နိုင်ငံတော်အတွင်း နေထိုင်မှုတို့နဲ့အရေးယူထားတယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံသားတွေပဲ လုပ်ကိုင်ခွင့်ရှိပြီး မြန်မာအပါအဝင် နိုင်ငံခြားအလုပ်သမားတွေကို လုပ်ကိုင်ခွင့် မပြုတဲ့ အလုပ်အကိုင်တွေထဲမှာ အဲဒီအလှပြင်တဲ့ လုပ်ငန်းလည်း ပါဝင်ပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းအမျိုးသမီး ၅ ဦးကို ကော့စမွေ၊ ဘိုကုတ်ရဲစခန်းမှ စုံစမ်းရေးမှူးထံ လွှဲပြောင်းပေးခဲ့ပြီး အရေးယူဆောင်ရွက်မယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *