နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းတောင်ပိုင်း တံငါရွာက မြန်မာရွှေ့ပြောင်းကျောင်းမှာ ဆရာ၊ဆရာမ လိုအပ်မှုနဲ့ လစာငွေကြေးအခက်ခဲ ကြုံတွေ့နေရ

နိုဝင်ဘာ ၆၊
မောင်နေ့သစ်၊ Migrant Times
ထိုင်းတောင်ပိုင်း၊ ထပ်လမုတံငါရွာအတွင်း ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းလေးမှာ ဆရာ၊ဆရာမ လိုအပ်မှုနဲ့ ဆရာ၊ဆရာမ တွေကိုလည်း လစာမပေးအပ်နိုင်တဲ့ အခက်ခဲတွေ ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
အဲ့ဒီကျောင်းမှာ ဆရာ၊ဆရာမ ၃ဦးတည်းနဲ့ KG ကနေ စတုတ္ထတန်းအထိ ပညာသင်ကြား‌နေတဲ့ ကလေးငယ် ၁၀၀ကျော်ရှိတယ်လို့ ကျောင်းတည်ထောင်ထားသူ ထံကနေ သိရပါတယ်။
“ ကလေးတွေကို ပညာသင်ကြားပေးနေတဲ့အထဲက ဆရာမတစ်ဦးကို ငွေကြေးအခက်အခဲကြောင့် လစာမပေးနိုင်လို့ အလုပ်ကနားခိုင်းလိုက်ရတယ်။ စိတ်လည်းမကောင်းဘူး။ ဆရာ၊ဆရာမ လုံ လောက်မှုမရှိတော့ ကလေးတွေ ပညာသင်ကြားရတာလည်း အားနည်းလာတော့ အခက်ပိုတွေ့လာတယ်” လို့ ကျောင်းတည်ထောင်သူ ဦးဝင်းနိုင်က Migrant Times ကိုပြောပါတယ်။
အလှူရှင် မရှိတဲ့အတွက် ကိုယ်ထူကိုယ်ကျောင်းအဖြစ်နဲ့ ကလေးတွေဆီကနေ ကျောင်းလခ အဖြစ် တစ်လ ဘတ် ၃၀၀ ကောက်ခံတယ်လို့ သိရပါတယ်။
“ ကျွန်တော်တို့ကျောင်းက အလှူရှင်တွေမရှိဘူး ကိုယ်ထူကိုယ်ထဖွင့်ထားတဲ့ကျောင်းကလေးပါ။ ကလေးတွေဆီက ကျောင်းလခ အနေနဲ့ တစ်လကို ၃၀၀ ကောက်ခံပေမဲ့လည်း မရတာကများပါတယ်” လို့ ဦးဝင်းနိုင်က ဆက်ပြောပါတယ်။
ဆရာ၊ဆရာမ တွေကို ပေးအပ်ဖို့ လစာအတွက်လည်း ငွေ‌ကြေးအခက်ခဲရှိနေတာကြောင့် ရှိနေတဲ့ ဆရာ၊ဆရာမ သုံးဦး ထဲကနေ တစ်ဦးကို အလုပ်နားခိုင်းခဲ့ရတယ်လို့လည်း သိရပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်